Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးအပါအဝင်တရားသူကြီး ခုနှစ်ဦး စစ်ကောင်စီအောက်တွင် မတရား စီရင်နေခြင်းများရပ်တန့်ရန်နှင့် ပြည်သူနှင့်ပူးပေါင်းရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့
ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးအပါအဝင်တရားသူကြီး ခုနှစ်ဦးကို စစ်ကောင်စီအောက်တွင် မတရားစီရင်နေခြင်းများ ရပ်တန့်ရန်နှင့် ပြည်သူနှင့်ပူး ပေါင်းရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး တိုက်တွန်းလိုက်သည်။

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုး၊ ဒုတိယခရိုင်တရားသူကြီးများ​ဖြစ်သော ဦးကျော်ဝေလင်း၊ ဦးနေမျိုးထွန်းနှင့် ဦးဆန်းထွန်းဦး မြို့နယ်တရားသူကြီး ဒေါ်ယမင်းသန့် ၊တွဲဘက်မြို့နယ်တရားသူကြီးဒေါ်ဝင့်ဝါကျော်နှင့် ဦးသက်ပိုင်မှူးတို့ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထာက်ပို့ရေးအဖွဲ့က ဇွန်လ ၈ ရက်နေ့စွဲဖြင့် သတိပေးချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့
ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

၎င်းတို့ ခုနှစ်ဦးသည် နွေဦးတော်လှန်ရေးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အပြစ်မဲ့ပြည်သူများအားပုဒ်မမျိုးစုံတပ်ကာ မတရားသဖြင့် အမှုဖွင့်စီရင်ခဲ့ကြသူများဟု ဆိုသည်။

“အာဏာရှင်စနစ် သက်ဆိုးရှည်အောင် တော်လှန်ရေး ရဲဘော်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မတရားသော ဥပဒေတွေနဲ့ ထောင်သွင်းအကျဉ်းချနေတဲ့ တရား စီရင်ရေးဝန်ထမ်းများ”ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ​ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး စစ်ကောင်စီ အုပ်ချုပ်၍မရသော စစ်ကိုင်းတိုင်းတွင် ၂၀၂၁ ဒီဇင်ဘာကလည်း ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေးကို တော်လှန်ရေးအင်အားစုများက အလား တူ သတိပေးမှုမျိုး ပြုလုပ်ခဲ့သည်။ သတိပေးချက်ထွက်ပေါ်လာပြီးနောက် ဒေါ်မို့မို့အေးသည် ထီးချိုင့်မြို့တွင် မနေရဲတော့ဘဲ ရက်အနည်းငယ်အကြာတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့သို့ ပြောင်းရွှေ့ခဲ့ရဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။