Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့ကဝယ်ယူထား​သောလက်နက်များ​ငွေ​ပေး​ချေရန်နှင့်လက်နက်ထုတ်လုပ်ရန် ပြည်သူများ၏အကူအညီလိုအပ်​နေ

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်းရှိဒေသတွင်းအခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည်။

(အရစ်ကျစနစ်ဖြင့်ဝယ်ယူ​ထားသာလက်နက်အချို့နှင့်အမိ​​မြေ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့)
(အရစ်ကျစနစ်ဖြင့်ဝယ်ယူ​ထားသာလက်နက်အချို့နှင့်အမိ​​မြေ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အခြေစိုက်အမိမြေတော်လှန်ရေးတပ်ဖွဲ့က အဝေးပစ်ရိုင်ဖယ်နှင့်ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

ပြည်သူများထံမှ ကူညီထောက်ပံ့လှူဒါန်းရရှိသည့် အလှူငွေများအား ဖောက်ခွဲရေးပစ္စည်းများ၊ကျည်တောင့်များဝယ်ယူနိုင်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်ချေမှုန်းရေးရိုင်ဖယ်တစ်လက် (M4 A1 )၊ ကင်းထောက်ဒရုန်းတစ်စီး၊ ကာဘိုင်အမျိုးအစားအဝေးပစ်ရိုင်ဖယ်တစ်လက်ဝယ်ယူနိုင်ခဲကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြည်သူသို့အသိပေးသည်။

ထို့အပြင်အဖွဲ့ထုတ်လုပ်ရေးမှ အဝေးပစ်ရိုင်ဖယ်တစ်လက်၊ ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ဝယ်ယူနိုင်ခဲ့သည့်ပစ္စည်းများမှာလည်း ငွေကြေးလုံလောက်၍ မဟုတ်ဘဲ ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်အတွက်အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ထို့ကြောင့် ဝယ်ယူထားသည့်ပစ္စည်းများအတွက်အရစ်ကျငွေပေးချေနိုင်ရန်နှင့်ရှော့ဒုံးအများအပြားထုတ်လုပ်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုများလိုအပ်နေပါကြောင်း တပ်ဖွဲ့က ပြည်သူသို့ အသိပေးသည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်းရှိဒေသတွင်းအခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

သတင်း

အောင်မြင်စွာရောက်ရှိရန် အခြေအနေတစ်ခုအလိုတွင် ကားချို့ယွင်းမှု့ကြောင့် စစ်ဆေးဖမ်းဆီးခံလိုက်ရကြောင်း ရေစကြို PDFမှ ရဲဘော်ဝေကြီးက ပြောသည်။

သတင်း

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သတင်း

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။