Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM အရေးအတွက် CRPH၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး

တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင်နေမှုများ စသည့်အချက်များကို ထည့်သွင်းဆွေးနွေးသည်။

CDM အရေးအတွက် CRPH ၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး
CDM အရေးအတွက် CRPH ၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ပြည်သူ့ရေးရာကော်မတီသည် တိုင်းလွှတ်တော်အမတ်များနှင့် CDM အရေးဦးဆောင်သူများနှင့် ဇွန် ၁၀ နှင့် ၁၁ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် CDM အရေးဦးဆောင်သူများအကြား အချိတ်အဆက်မိမိလုပ်ငန်းဆောင်ရွက်နိုင်ရန် Ahlu Shin Application ကို အများပြည်သူများအကြား ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့တွေ့ဆုံမှုတွင် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားလှယ်များပါဝင်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင်နေမှုများ စသည့်အချက်များကို ထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် ပြည်သူ့ရေးရာကော်မတီက CDM များသို့ အရေးပေါ်ကူညီပံ့ပိုးနေမှုများ၊ Ahlu Shin Application အသုံးပြုပုံ နည်းစနစ်များ၊ CDM ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း Application အား ဝိုင်းဝန်းပံ့ပိုးပေးကြပါရန်နှင့် လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ NUG ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ၊ CDM အရေးဦးဆောင်သူများနှင့် CDM သူရဲကောင်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

သတင်း

အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ ပြင်းထန်စွာရှုတ်ချကန့်ကွက် မှုများကို ရင်ဆိုင်နေရပြီး ပြင်သစ်က ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းကို ဒေါသထွက်နေသည်။

သတင်း

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ကောင်းကျိုးအတွက် လူ့အခွင့်အရေး စံတန်ဖိုးတွေကို တည်ဆောက်ရမှာလို့ ဒီနေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ရှင်းပြထားပါတယ်။

သတင်း

ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။