Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်ဘက်အဖွဲ့အစည်းအမည်ခံပြီး စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းတဲ့ လုပ်ရပ်ကို ရှုတ်ချ

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ကောင်းကျိုးအတွက် လူ့အခွင့်အရေး စံတန်ဖိုးတွေကို တည်ဆောက်ရမှာလို့ ဒီနေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ရှင်းပြထားပါတယ်။

GETTY IMAGES

အရပ်ဘက်အဖွဲ့အစည်းအမည်ခံပြီး အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံရေး အင်အားစုအဖြစ် သဘောထားကာ နိုင်ငံရေးရလဒ်တစ်ခုထွက်လာအောင်ဆွေးနွေးညှိနှိုင်းဖို့ကြိုးပမ်းတဲ့လုပ်ဆောင်ချက်တွေကို ကန့်ကွက်ရှုတ်ချကြောင်း အဖွဲ့အစည်း ပေါင်း ၁၈၀ ကျော် စုပေါင်းပြီး ဒီနေ့မှာ သဘောထားထုတ်ပြန်လိုက်ကြပါတယ်။

အဲဒီသဘောထားထုတ်ပြန်ချက်ကို အရပ်ဘက်အဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ CDM တွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ ပူးပေါင်းထုတ်ပြန်ကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို လျစ်လျူရှုပြီး အရပ်ဘက်အဖွဲ့အစည်းအမည်ခံကာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးတာ ၊ ဆွေးနွေးညှိနှိုင်းဖို့ကြိုးပမ်းတာတွေကို ထုတ်ပြန်ချက်မှာ ရှုံ့ချထားတာတွေ့ရပါတယ်။

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ကောင်းကျိုးအတွက် လူ့အခွင့်အရေး စံတန်ဖိုးတွေကို တည်ဆောက်ရမှာလို့ ဒီနေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ရှင်းပြထားပါတယ်။

စစ်ကောင်စီဟာ လူ့စံနှုန်းကင်းမဲ့နေတဲ့ အကြမ်းဖက်အစုအဖွဲ့သာဖြစ်တဲ့အတွက် သူတို့ကို နိုင်ငံရေးအင်အားစု အဖြစ်သဘောထားပြီး နိုင်ငံရေးရလဒ်ထွက်အောင် ဆွေးနွေးတာ ၊ ဆွေးနွေးဖို့ ကြိုးပမ်းတာ တွေကိုလုပ်ဆောင်နေတဲ့ မည်သူမဆို ၊ မည်သည့်အဖွဲ့အစည်းမဆို စစ်ကောင်စီ ကျုးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုရာရောက်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဒါအပြင် ဒီလုပ်ရပ်တွေဟာ အရပ်ဘက်အဖွဲ့အစည်း အမည်တပ်ပြီး လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ကောင်းကျိုးအတွက် ရပ်တည်ရမယ့် စံနှုန်းတွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ကြေညာချက်မှာ ရှုမြင်ထားပါတယ်။

ဒီလုပ်ရပ်တွေကို အရပ်ဘက်အဖွဲ့အစည်း ခေါင်းစဉ်တပ်ပြီး လုပ်ဆောင်နေတာတွေကိုလည်းရပ်တန့်ကြဖို့ တောင်းဆိုထားပါသေးတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ"ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

သတင်း

နန်းထိုက်အောင်မြို့ပြစစ်ဆင်‌ရေး ရက်ပေါင်း ၆၀ အတွင်း ပစ်မှတ် ၉၁ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ဦးထက်မနည်း သေဆုံးပြီး ၉၀ကျော် ပြင်းထန်ဒဏ်ရာများရရှိကြောင်း အဆိုပါစစ်ဆင်ရေးတာဝန်ခံက People's Springသို့ ပြော သည်။

သတင်း

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးအဆင့်ရှိတဲ့ အရာရှိတစ်ီဥးဖြစ်နိုင်တယ်လို့ သံတောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။

သတင်း

လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး ​နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။