Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့အနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ပစ်ခတ်မှုဖြစ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးဘူးလို့ တပ်ရင်း ၃ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျိုက်ထိုမြို့အနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ပစ်ခတ်မှုဖြစ်
ကျိုက်ထိုမြို့အနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ပစ်ခတ်မှုဖြစ်

ကျိုက်ထိုမြို့နယ် ဂူဂူးကျေးရွာအနီးမှာ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဒီကနေ့မွန်းလွဲပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူ(သထုံ)ခရိုင် ဂူဂူးကျေးရွာအနီး နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ နဲ့KNLA ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ ၁၀ မိနစ်ခန့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွါးခဲ့တာပါ။

Public Service Announcement

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးဘူးလို့ တပ်ရင်း ၃ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

သတင်း

တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

သတင်း

မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။