Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုး​တောင်ဘို့တိုက်နယ်တွင် စစ်ကောင်စီက ရက်ပိုင်းအတွင်း ကျေးရွာငါးရွာမှနေအိမ် ၁,၀၀၀ခန့် မီးရှို့ဖျက်ဆီး

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုး​တောင်ဘို့တိုက်နယ်
ကိုး​တောင်ဘို့တိုက်နယ်

ကန့်ဘလူမြို့နယ် ကိုး​တောင်ဘို့ တိုက်နယ်တွင် ရက်ပိုင်းအတွင်း ကျေးရွာငါးရွာမှ နေအိမ် ၁,၀၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

” စစ်ကောင်စီတွေ ရက်စက်သလို ကျွန်တော်တို့ ရက်စက်တတ်တယ်။ သူတို့မိသားစုတွေ ဘယ်မှာနေလဲဆိုတာ ကျွန်တော်တို့သိတယ်။ လက်နက်ကိုင်းချင်း ချချင်လို့၊ မရက်စက်ချင်လို့ နေနေတာ။ အရပ်သားတွေကို လိုက်မဲနေရင်တော့ ကျတော်တို့လည်း ရက်စက်တတ်တာ သိရစေမယ်” ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့၊ ကုန်းမ၊ လျော်ဖြူကုန်း၊ နှောကုန်းနှင့် ကျွန်းကုန်းကျေးရွာမှ နေအိမ်များကို ဇွန်လ ၂ရက်ကစ၍ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သည် ဇွန် လ ၈ရက် တွင် ဇော်ချောင်းရွာသို့ရောက်ရှိလာပြီး တစ်အိမ်ချင်းကို ဓာတ်ဆီလောင်း၍ မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

“ကိုးတောင်ဘို့ တိုက်နယ်တစ်နယ်လုံးကို မီးရှို့နေတာ။ သူတို့ရည်ရွယ်ချက်က အရပ်သားဘဝတွေကိုပါ အပြီး ဖျက်ဆီးချင်နေကြတာ။ လျှော်ဖြူကုန်းရွာဆိုရင် တစ်ရာလုံးမှာ ဘုန်းကြီး ကျောင်းပဲ ကျန်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇော်ချောင်းရွာကို မီးမရှို့မီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်ခဲ့ပြီး ပေါင်တစ်ဖက် ပြတ်သွားသည်ဟု ဒေသခံများကပြောသည်။

“စစ်ကောင်စီယုတ်မာနေတာ ကမ်းကုန်နေပြီ။ သူတို့အင်အားလည်း မရှိတော့ဘူး။ အခု မီးလိုက်ရှို့နေတာ အခြားရွာက ပျုစောထီးတွေ ခေါ်လာတာတွေ့တယ်”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လ ၄ရက်တွင် မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်းများဖြစ်သော)လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း၊ မန်ဝိန်းကျေးရွာအနီးရှိ စခန်း ၂ခုတို့အား ဇွန်လ ၁၀ရက်မတိုင်မီ ဖယ်ရှားပေးရန်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - People's Defense Organization - Mawlamyine က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။