Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်တိုင်းရင်းသားများ၏ ကော်သူးလေနေ့သို့ NUG သဝဏ်လွှာပို့

“မကောင်းသော အဆိုးအညစ်အပေါင်း ကင်းစင်သောပြည်” ဟူ၍ အဓိပ္ပါယ်ရှိသည့် “ကော်သူးလေ” နေ့တွင် ကရင်ပြည်နယ်နှင့်တကွ ကရင်လူမျိုးများနေထိုင်ရာ နယ်မြေဒေသအားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အသီးအပွင့်များဖြင့် ပြည့်ဝစုံလင်နိုင်ပါစေကြောင်း NUGက ဆန္ဒပြု ဖော်ပြထားသည်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်တွင် ယနေ့ ကျင်းပ ပြုလုပ်သည့် (၇၃)နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ်အခမ်းအနား ဓာတ်ပုံ -KIC)
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်တွင် ယနေ့ ကျင်းပ ပြုလုပ်သည့် (၇၃)နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ်အခမ်းအနား ဓာတ်ပုံ -KIC)

ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးဆိုင်ရာ ကြိုးပမ်းမှု အထိမ်းအမှတ်နေ့ ဖြစ်သော ကော်သူးလေနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဇွန်လ ၁၄ရက်)ကျရောက်သည့် (၇၃) နှစ်ပြည့် ကော်သူးလေနေ့ အခမ်းအနားသို့ ပေးပို့သည့် NUG၏ သဝဏ်လွှာတွင် ကရင့်ခေါင်းဆောင်ကြီးစောဘဦးကြီး ချမှတ်ခဲ့သော ကရင့်လမ်းစဉ်နှင့်အညီ ကရင်တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး “ကော်သူးလေ” ရည်မှန်းချက်အတွက် ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့်ပေးဆပ်အနစ်နာခံခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။

“မကောင်းသော အဆိုးအညစ်အပေါင်း ကင်းစင်သောပြည်” ဟူ၍ အဓိပ္ပါယ်ရှိသည့် “ကော်သူးလေ” နေ့တွင် ကရင်ပြည်နယ်နှင့်တကွ ကရင်လူမျိုးများနေထိုင်ရာ နယ်မြေဒေသအားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အသီးအပွင့်များဖြင့် ပြည့်ဝစုံလင်နိုင်ပါစေကြောင်း NUGက ဆန္ဒပြု ဖော်ပြထားသည်။

၁၉၄၉ ဇွန်လ ၁၄ရက်တွင် ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးက ရေဒီယိုမှတစ်ဆင့် ကရင်ပြည်သူအားလုံးတို့အတွက် “ကော်သူးလေ” ဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောကြားပြီး ကရင်အားလုံး စည်းလုံးညီညွတ်ရေးနှင့်အတူ၊ နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် မျိုးစေ့ချ ရှင်သန်စေခဲ့သည်ကို အထိမ်း အမှတ်ပြု၍ “ကော်သူးလေနေ့” ကိုကျင်းပခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အားကစားပြိုင်ပွဲကို NUG ကြားကာလ ပညာရေးစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။

သတင်း

ယင်းအတွက် သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်နှင့် စစ်အုပ်စုကို ချေမှုန်းရန် ဌာနအားလုံးကို စည်းရုံးပေးရန်၊ လူထုကို အသိပေးရန်၊ အားပေးရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတက ညွှန်ကြားသည်။

သတင်း

ကရင်လူငယ်အစည်းအရုံး(KYO)က ဦးဆောင်ပြီး လူငယ်စွမ်းရည်မြင့်တင်ရေး စခန်းသွင်းသင်တန်းကို ကေအဲန်ယူခရိုင်သုံးခုမှာ ပြုလုပ်နိုင်ခဲ့တယ် KYO က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေ-ဒူးသထူ(သထုံ)ခရိုင် ဖားအံမြို့နယ်အတွင်းမှာ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန(KECD)က ဦးစီးပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကော်သူးလေကျောင်း (၂၀)ကျော် ဖွင့်လှစ်သင်ကြားသွားမယ်လို့သိရပါတယ်။