Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးနန်းတွင်းထဲမှာ စစ်အုပ်စု အခမ်းအနားလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

မန္တလေးနန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ
မန္တလေးနန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

စစ်အုပ်စုထံ PDF တွေအလင်းဝင်တယ်ဆိုတဲ့ အခမ်းအနားကို စစ်အုပ်စုက မန္တလေးနန်းတွင်းထဲ ပြုလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက် ကို တိုက်ခိုက်ခံလိုက်ရပါတယ်။

ကျုံးအရှေ့ခြမ်း ၊ ၁၉ လမ်း မှာရှိတဲ့ နန်းမြို့ရိုးဝင်ပေါက် က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဂိတ်ကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) ကပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်အသိပေးထားပါတယ်။

Public Service Announcement

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

Mandalay Ranger Force – PDF (ROM) ရဲ့ထုတ်ပြန်ချက်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကိုရှောင်ပြီး ပစ်ခဲ့ရတဲ့အပြင် လက်နက်အခက်အခဲကြောင့် နှစ်ချက်ခန့်ပစ်ပြီး အမြန်ပြန်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

” ပြည်သူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်လို့ အသိပေးရင်း ဒီနေ့လှုပ်ရှားမှု ကြေညာအပ်ပါသည်” လို့ ကြေညာချက်မှာပါရှိပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

သတင်း

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး - နဘားကြား တစ်နေရာနှင့် အင်းတော် - ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

"အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး" လို့ ပဒိုစောတောနီးက ပြောပါတယ်။