Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးတွင် Non-CDMများ၊ သတင်းပေးများနှင့် စစ်အာဏာရှင်ထောက်ခံသူများကို မြေယာပိုင်ဆိုင်မှုမပေးဘဲ ပြည်လည်သိမ်းယူမည်ဟု CDF သတိ​ပေး

ပြန်လည်သိမ်းယူမည့် သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလည်း လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားခါး
ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း Non-CDMများ၊ စစ်​ကောင်စီသတင်းပေးများနှင့် စစ်အာဏာရှင်မင်းအောင်လှိုင်ထောက်ခံသူများကို မြေယာပိုင်ဆိုင်မှုပေးမည်မဟုတ်ဘဲ ၎င်းတို့ပိုင်ဆိုင်မှုများကို ပြည်လည်သိမ်းယူမည်ဟု CDF(ဟားခါး)ကောင်စီက ယနေ့ထုတ်ပြန်လိုက်သည်။

ဟားခါးမြို့နယ်အတွင်း မြေယာပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး အများပြည်သူများသိရှိစေရန် Chinland Defense Force –ဟားခါး ကောင်စီ၏ ပထမအစည်း အဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်သိမ်းယူမည့် သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလည်း လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်အာဏာမသိမ်းမီက မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာတာဝန်ရှိသူနှင့်အဖွဲ့ဝင်များဖြစ်ပါက အိမ်​မြေနေရာတစ်ခုသာ ပိုင်ဆိုင်ခွင့်ရမည်ဟုလည်း ဆိုသည်။

တော်လှန်ရေးကာလအတွင်း သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေများကို တရားမဝင် ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ပေးကမ်းခြင်းတို့ဆောင်ရွက်ခြင်းမပြုရဟုလည်း CDF(ဟားခါး)ကောင်စီက ထုတ်ပြန်သည်။

ဒေသခံများ လုပ်ကိုင်သည့် လယ်မြေ၊ယာမြေ၊ တောင် ယာမြေနှင့် ဥယျာဉ်ခြံမြေများကိုလည်း အမှန်တကယ်လုပ်ကိုင်သည့် မြေများနှင့် ပိုင်ဆိုင်သည့် အထောက် အထားများရှိမှသာ ခွင့်ပြုမည်ဟု ​ဖော်ပြထားသည်။ထိုသို့ မရှိပါက အလိုအလျောက်သိမ်းယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၁ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြေယာ အရောင်း အဝယ်ကိစ္စများကို CDF (ဟားခါး)ကောင်စီထံတင်ပြရမည်ဖြစ်ပြီး မတင်ပြပါက အလိုအလျောက်သိမ်းယူပြီးဖြစ်သည်ဟု သတိ​ပေးထားသည်။

ထို့အပြင် လိုက်နာမှုမရှိသည့် အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များကို ပြင်းပြင်းထန်ထန်အရေးယူဟုလည်း ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

သတင်း

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်ခံနေသည့်နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကနုလည်း နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့ လဝကရုံးအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရရှိနိုင်သည်ဟု CDF မင်းတပ်ကအသိ​ပေးသည်။