Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှတပ်ကြပ်ကြီးကို ပဲခူးခရိုင် PDF ပစ်ခတ်ရှင်းလင်း

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပဲနွယ်ကုန်းနယ်မြေရဲစခန်း
ပဲနွယ်ကုန်းနယ်မြေရဲစခန်း

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ် ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(ဇွန် ၁၅)ထုတ်ပြန် သည်။

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုစစ်ဆင်ရေးတွင် စကစ ထောက်တိုင် တပ် ကြပ်ကြီးထွန်းထွန်းနိုင်သေဆုံးခဲ့ပြီး တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ မှရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် အာဏာ သိမ်းအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့​၏ ထောက်တိုင်များကို တိုက်ခိုက်လျက်ရှိရာ ဇွန် ၁၁ ရက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေအဖွဲ့မှ လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး - နဘားကြား တစ်နေရာနှင့် အင်းတော် - ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။