Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေ၍ ကျည်လိုအပ်ချက်အတွက်တက်နိုင်သည့်ဘက်မှကူညီကြရန် CDF-ကန်ပက်လက်​မေတ္တာရပ်ခံ

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

CDFကန်ပက်လက်တပ်ဖွဲ့ဝင်များ
CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ

စစ်ရေးအရ ဗျူဟာကျသော ကန်ပက်လက်ဒေသကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း အင်အားအလွန်အကျွန်သုံး ထိုးစစ်ဆင်ခဲ့သည့်အပြင် လက်ရှိတွင်လည်း အင်းအားထပ်မံဖြည့်တင်း၍ စစ်ရေးပြင်ဆင်လာနေကြောင်း ချင်း​ဒေသကာကွယ်​ရေးတပ်(CDF-ကန်ပက်လက်)
က အသိပေးထုတ်ပြန်သည်။

လက်ရှိတွင် CDF-ကန်ပက်လက်အနေဖြင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်ချက်များအား အကူအညီပေးနေရသည့်အပြင် စစ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားနိုင်ရန် လက်နက်၊ ကျည်နှင့် ငွေကြေးအကူအညီများလိုအပ်နေကြောင်းဖော်ပြသည်။

ကန်ပက်လက်မြို့နယ်သည် အရှေ့ဖက်ခြမ်းတွင်မကွေးတိုင်းဒေသကြီး၊ ကျောက်ထု၊ ဆောနှင့် လောင်းရှည်မြို့များရှိနေပြီး အနောက်ဖက်ခြမ်းတွင် ပလက်ဝ၊ မင်းတပ်နှင့် မတူပီမြို့နယ်များဖြင့်ထိစပ်လျက်ရှိရာစစ်ရေးအရဗျူဟာကျသောဒေသဖြစ်သောကြောင့် စစ်ကောင်စီတပ်က ကန်ပက်လက်အားခြေကုတ်ယူရန် ကြိုးပမ်းနေကြောင်း အသိ​ပေးသည်။

စစ်ကောင်စီတပ်က ဇွန် ၈ရက်ကစပြီးကန်ပက်လက်မြို့နယ်အတွင်း အင်အား ၁၈၅ ဦးခန့်ဖြင့် နေ့စဥ်စစ်ကြောင်းထိုးခဲ့ရာဇွန်၁၃ရက်အထိဖြစ်ပြီး CDF-ကန်ပက်လက်၏ရွတ်ရွတ်ချွံချွံပြန်လည်ခုခံမှုကြောင့် တပ်ပြန်ဆုတ်သွားခဲ့သော်လည်း ကန်ပက်လက်၏အရှေ့ဘက် ကျောက်ထုနှင့် လောင်းရှည်မြို့နယ်တို့တွင် အင်အားထပ်မံဖြည့်တင်းနေသည်ဟုပါရှိသသည်။ဇွန် ၈ ရက်မှ ၁၃ ရက်အထိ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ အနည်းဆုံး ၃၀ ​ကျော်​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့​ကြောင်းထုတ်ပြန်ထားသည်။

ဇွန် ၈ ရက်မှ ၁၃ ရက်အထိ့တိုက်ပွဲများတွင်စုထားသမျှကျည်အကုန်နီးပါးထုတ်သုံးခဲ့ရပြီး ထိုလို အပ်ချက်အားပြန်လည်ဖြည့်ဆည်း၍ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ထောက်ပံ့ကူညီပေးကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။