Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအရဗျူဟာကျသည့် ကန်ပက်လက်ဒေသကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကြိုးပမ်းနေ၍ တိုက်ပွဲများပြင်းထန်လာနိုင်ဟု CDF အသိပေး

ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - CDF)
(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - CDF)

▪️ကြုံလာမည့်တိုက်ပွဲကြီးများအတွက် ကျည်အချိန်မီဖြည့်နိုင်ရေး ကူညီပေးရန် ပြည်သူများထံတောင်းဆို

အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် စစ်ရေးအရ မဟာ ဗျူဟာကျသော ချင်းနှင့် မကွေးအစပ်ရှိ ကန်ပက်လက်ဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရာ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ကန်ပက်လက် ချင်းကာကွယ် ရေးတပ်(CDF)က အသိပေးပြီး ကြုံလာရမည့် တိုက်ပွဲများအတွက် ကျည်၊ ခဲယမ်းများအချိန်မီ ဖြည့်ဆည်းနိုင်ရေး ပံ့ပိုးကူညီပေးကြရန် ပြည်သူလူထုထံ တောင်းဆိုခဲ့သည်။

ကန်ပက်လက်မြို့နယ်၏အရှေ့ဖက်ခြမ်းတွင် မကွေးတိုင်းဒေသကြီး၊ ကျောက်ထု၊ဆောနှင့်လောင်းရှည်မြို့များရှိနေပြီး အနောက်ဖက်ခြမ်းတွင်ပလက်ဝမြို့နယ်၊မင်းတပ်မြို့နယ်နှင့်မတူပီမြို့နယ်များဖြင့်ထိစပ်လျက်ရှိရာအကြမ်းဖက် စစ်ကောင်စီအတွက် စစ်ရေးအရ မဟာဗျူဟာကျသောမြို့တစ်မြို့ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ အနေဖြင့် စစ်ရေးအရမဟာဗျူဟာကျသော ကန်ပက်လက်မြို့ကိုခြေကုတ် ရယူနိုင်ရေးအတွက် အင်အားအလွန်အကျွံအသုံးပြု၍ မင်းတပ်မြိုနှင့် ကျောက်ထုအမြှောက် တပ်ကိုပါပစ်ကူ တောင်းနေပြီး ကန်ပက်လက် CDF၏ ဌာနချုပ်ကို သိမ်းပိုက်နိုင်ရေးအဆက်မပြတ်ထိုးစစ်ဆင်နေသော်လည်း ကန်ပက်လက် CDF၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် တုံ့ပြန်မှုများကြောင့်ယခုချိန်ထိစစ်ကောင်စီ၏ လှုပ်ရှားမှုများ အရာမထင်ဖြစ်နေသည်ဟု ဆိုသည်။

(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - CDF)
(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ – CDF)

ယခုလတွင် စစ်ကောင်စီက အင်အား ၁၈၅ဦးပါ စစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ဇွန်လ ၉ရက်မှစ၍ ၅ရက်ဆက်တိုက် ကန်ပက်လက် CDFက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ အပြင်းအထန် ခုခံမှုကြောင့် ဇွန်လ ၁၃ရက်တွင် စစ်ကြောင်း နောက်ပြန်ဆုတ်သွား သော်လည်း ဇွန်လ ၁၅ရက်တွင် စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်၏ အရှေ့ဖက်မကွေးတိုင်း၊ လောင်းရှည်မြို့နယ်နှင့် ကျောက်ထုနယ်များသို့ အင်အား ဖြည့်တင်းနေကြောင်း အသိပေးသည်။

ထိုအခြေအနေအတွက် အဆင်သင့် ပြင်ဆင်ထားနိုင်ရန်မှာ လက်နက်အင်အား ကျည်နှင့် ငွေအင်အား အကူအညီများစွာ လိုအပ်နေသည်ဟု ကန်ပက်လက် CDFက ဆိုသည်။

ပြီးခဲ့သည့် ၅ရက်ဆက် တိုက်ပွဲများအတွင်း လက်နက်အင်အားနည်းပါးခြင်းနှင့် စုစည်းခဲ့သမျှကျည်ဆံများအကုန်နီးပါးထုတ်သုံးခဲ့ရမှုများကြောင့်အချိန်မီ ပြန်လည်ဖြည့်ဆည်းရန် လိုအပ်နေကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - CDF)
(ကန်ပက်လက် CDF ရဲ​ဘော်များအား စစ်​ရေး​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ – CDF)

ထို့ကြောင့် ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

ကန်ပက်လက်မြို့သည် ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေ အနည်းဆုံးမြို့ဖြစ်သည်နှင့်အညီချင်းလက်နက်ကိုင်များအားလုံးတွင်လည်းဘဏ္ဍာ ရေးအားအနည်းဆုံးမြို့ဖြစ်ပြီး တော်လှန်ရေးတစ်နှစ်ကျော်ကာလသို့ရောက်ရှိလာခဲ့သည့် အချိန်အတွင်း ကန်ပက်လက်မြို့နယ်၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ကန်ပက်လက် CDF၏ ကာကွယ်ရေးဏ္ဍ အတွက် အသုံးပြုငွေမှာ လက်ရှိအချိန်ထိ ကျပ်သိန်းသုံးထောင်ကျော်မျှသာရှိသေးသည်ဟု ဖော်ပြသည်။

တစ်ဖက်တွင်လည်း ကန်ပက်လက် CDFအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ နေအိမ်ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၏ မိုးတွင်းရိက္ခာချွေးနည်းစာ များကိုရစရာမရှိအောင်ဖျက်ဆီးမှုများကြောင့် စစ်ဘေးသင့် ပြည်သူများအား အရေးပေါ်အကူအညီများ ပေးနေရသည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။