Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းတွင် ရိက္ခာလာသယ်သည့် စစ်ကောင်စီတပ်ကို လမ်းမှဖြတ်တိုက်

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

YDF(Htilin)
YDF(Htilin)

ထိခိုက်သေဆုံးမှု မသိရသေး

ယောဒေသ ထီးလင်းမြို့နယ်တွင် ရိက္ခာလာသယ်သော စစ်ကောင်စီတပ်ကို လမ်းမှနေ၍ ဖြတ်တိုက်ခဲ့ကြောင်း YDF(Htilin)က ယနေ့(ဇွန် ၁၆) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီခန့်က ရွှေအောင်သာကျေးရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များ အောင်းကျေးရွာဘက် ရိက္ခာလာသယ်စဥ် လမ်းမှဖြတ်တိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့် ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စကစတပ်စိပ်တစ်စိပ် (၂၅)ဦးခန့်က ရိက္ခာလာသယ်တာဗျ။ အဲမှာ ကျွန်တော်တို့ကင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တာ။ ပစ်ခတ်မှု ၁ နာရီနီးပါးကြာတယ်။ သူတို့(စကစတပ်)အောင်းရွာထဲရောက်တဲ့အချိန်မှာ ရွာကိုဝိုင်းဖို့လုပ်လိုက်တယ်။ သိပ်မကြာဘူး ဒီကောင်တွေပြန်ထွက်လာတော့ ရွာအထွက်မှာ နောက်တစ်ကြိမ်ထပ်တိုက်တယ်”ဟု YDF(Htilin)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း လတ်တလောတွင် အတည်ပြု၍မရသေးကြောင်း ၎င်းက ဆက်ပြော သည်။

ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်များရိက္ခာလာသယ်သည့် အောင်းကျေးရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း YDF(Htilin)ထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။