Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်မှဆင်းလာ​သောစစ်​ကောင်စီယာဥ်တန်းကို KIAနှင့်ထီးချိုင့်PDFပူး​ပေါင်းတိုက်ခိုက် ၂၀ထက်မနည်း​သေဆုံးနိုင်

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)
(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)

ဇွန် ၁၄ ရက်တွင်KIAနှင့်အင်း​တော်PDFတိုက်ခိုက်၍ ၉ ဦး​သေခဲ့ပြီး ၊သပိတ်ကျင်းသို့ဦးတည်သွား​နေ

ကချင်ပြည်နယ်မှဆင်းလာသည့်အစီးရေ၃၀ခန့်ပါစစ်ကောင်စီယာဥ်တန်းကို မိုင်းများအပါအဝင် ၄၀ မမ များဖြင့်တိုက်ခိုက်ရာစစ်ကောင်စီကားတစ်စီးပျက်စီးပြီး ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ယနေ့(ဇွန် ၁၅ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အင်းတော်မြို့မှတဆင့် ထီးချိုင့် မြို့သို့ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို KIA နှင့် ထီးချိုင့်၊အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘိုတဲကုန်း ရွာ နဲ့ ဇီးဖြူကျင်း ရွာကြားမှာ မိုင်း တစ်ဖြတ်ဆွဲ ပြီး စတိုက်တယ်။ဇီးဖြူကျင်း အကျော်မှာ ၄၀ မမ နဲ့ ထပ်ပစ်တယ်။သုံးချက်ပစ်တယ်။နှစ်ချက်ကွဲတယ်။အဲဒီမှာထိတယ်။နောက်တတိယအဆိုင်း မှာ အလယ်တောရွာအထွက်မှာ မိုင်းထွက်ဆွဲတယ်။နောက်ဆုံး ဆားတွင်းအနီး ထပ်ဆွဲတဲ့အချိန် ကားတစ်စီးထိုးရပ်ပြီးပျက်သွားတယ်”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတိအကျ ခန့်မှန်းရန် ခက်ခဲသော်လည်း ၂၀ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်မည် ၎င်းက ​ခန့်မှန်း​ပြောကြားသည်။

“ယာဥ်တန်း မိုင်းတွေထိတာတော့ အတိအကျ ပြောနိုင်တယ်။ဒါပေမယ့်လို့ ဘယ်နှစ်ယောက် ထိခိုက်တယ်၊သေတယ်က တော့ ယတိပြတ် မပြောနိုင်ဘူး။အနည်းဆုံးတော့ ၂၀ လောက်က တော့ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ ကို ပြောနိုင်တယ်။ပြီးတော့ပျက်သွားတဲ့ကားကို ထီးချိုင့် မြို့ပေါ်မှာထားခဲ့ရဖို့များတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

“ကျွန်တော်တို့သိသလောက်ဆို ဒီလိုယာဥ်အများအ ပြားနဲ့ ဆင်းတာ အရင် သုံးလ လောက်က နောက်ဆုံးပဲ။အခု ဆင်းလာတဲ့အထဲမှာ ဖားကန့်က ကျောက်စိမ်းနဲ့ တရုတ်က စက်သုံးဆီအချို့ ပါတယ်လို့ သိရတယ်။အဲဒါကို စစ်ကောက်စီတပ်က လုံခြုံရေးအများအ ပြားနဲ့ မန္တလေးအထိဆင်းမှာ”ဟု စစ်ကိုင်းတိုင်းအထက်ပိုင်းစစ်ရေးသတင်းထောက်ပို့ တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ယမန်နေ့(ဇွန် ၁၄)ကလည်း ယခုတိုက်ခိုက်ခံရသည့် စစ်ယာဥ်တန်းကို နယ်မြေလုံခြုံရေး ယူပေးသည့် တပ်မ ၈၈ မှ စစ်ကြောင်းသုံးခုကို KIA နှင့် အင်းတော် PDF ပူးပေါင်တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution ကထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် အောင်းကျေးရွာအတွင်း ရိက္ခာသွားယူပြီးပြန်လာသော အထက်ပါစစ်ကြောင်းကို အပြန်လမ်းမှ စောင့်ဆိုင်း၍ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။