Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်လတ်မြို့နယ်မှ စစ်​ကောင်စီခန့်ရပ်​ကျေးအုပ်ချုပ်​ရေးမှူးကို PDF များပစ်ခတ်ရှင်းလင်း

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

ကျိုက်လတ်မြို့နယ်
ကျိုက်လတ်မြို့နယ်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှုးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က​သေနတ်ဖြင့်ပစ်ခတ်၍ရှင်းလင်းလိုက်​ကြောင်းဖျာပုံခရိုင်ဧရာဗေဒါ တပ်ပေါင်းစုကထုတ်ပြန်သည်။

ကျိုက်လတ်မြို့နယ်၊ တဲ့တဲ့ကူးကျေးရွာ(ဒေသအခေါ် ဒတဲ့ကူးကျေးရွာ)အုပ်ချုပ်ရေးမှူးကို ယမန်နေ့(ဇွန် ၁၅ရက်)ညနေက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်၊တဲ့တဲ့ကူးကျေးရွာအုပ်ချုပ်ရေးမှူးအား ဇွန် ၁၅ရက်ညနေ သုံးနာရီတွင် အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါသည်” ဟု ဖျာပုံခရိုင်ဧရာဗေဒါတပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အားတိုက်ခိုက်မှုများ အရှိန်မြင့်လာသည်။

ဇွန်လ ၂ ရက်ကကွင်းကောက်မြို့ရှိစစ်ကောင်စီတပ်၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။

မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ ဇွန် ၇ရက်ကငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတောအတွင်းအင်္ဂပူမြို့တွင်စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကပစ်ခတ်ရှင်းလင်းစဥ်စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကိုစစ်ကောင်စီက ယခု​နောက်ပိုင်းတွင် စစ်​ဆေး​ရေးဂိတ်များ၌သဲအိတ်များအထပ်ထပ်ဖြင့် တင်းတင်းကြပ်ကြပ်စစ်ဆေးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

သတင်း

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

သတင်း

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

သတင်း

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးရေးဂိတ်များကို သဲအိတ်အထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ကာရံထားပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။