Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ​ဒေသခံပြည်သူသုံးဦးသေဆုံး

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

(မင်းတပ်ရှိ စစ်​ကောင်စီ၏ တပ်မဟာ ၂၇၄ တပ်ရင်းကိုအ​ပေါ်စီးမှ​တွေရစဥ်)
(မင်းတပ်ရှိ စစ်​ကောင်စီ၏ တပ်မဟာ ၂၇၄ တပ်ရင်းကိုအ​ပေါ်စီးမှ​တွေရစဥ်)

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံများရှိနေသည့်တောင်ယာအနီး ကျရောက်ပေါက်ကွဲပြီး ​ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ရသည်ဟု CDF မင်းတပ်က ထုတ်ပြန် သည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် မွီတွီကျေးရွာအနီး တောင်ယာတဝိုက်တွင် ကျရောက်ပေါက်ကွဲပြီး (၇၀)အရွယ် အမျိုးသားတစ်ဦး၊ (၆၀)အရွယ်နှင့် (၃၀)အရွယ် အမျိုးသမီးနှစ်ဦးလက်နက်​ကြီး ထိမှန်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်များအ​ပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟုလည်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။