Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်ရှိ တပါယ်အင်း​ရွာကို စစ်​ကောင်စီတပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ​​ဒေသခံတစ်ဦးကိုသတ်ဖြတ်သွား

စုစုပေါင်း အိမ်​ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် ​လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

(တပါယ်အင်းကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ ဓာတ်ပုံ - CJ)
(တပါယ်အင်းကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ တပါယ်အင်း​ကျေးရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရပြီး ​ဒေသခံပြည်သူတစ်ဦးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက် ညနေ၃နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ တပါယ်အင်း​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကံကြီးကုန်း၊ ကင်မွန်းတော်ရွာတို့မှ ပျူစောထီးများက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စုစုပေါင်း အိမ်​ခြေ၇၀ကျော်ရှိသည့်အနက် နေအိမ် ​လေးလုံးခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“ရွာလုံးကျွတ်နီးပါးပဲ။ တော်တော်ဆိုးတယ်။ ကျွန်တော်တို့လည်း ကူညီထောက်ပံ့ဖို့တွေ စီစဥ်နေပါတယ်”ဟု Farmers Revolution Force FRF(CHU)အဖွဲ့တာဝန်ရှိသူက ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းမခံရမီ နေ့လယ် ၁နာရီခန့်က ထိုအကြမ်းဖက်အုပ်စုနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force FRF (CHU)အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင် အိမ်ခြေ ၆,၃၀၀ ကျော်ရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး ​နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိုးဗြဲမြို့ စျေးကုန်းရပ်ကွက်သို့ ကျရောက်ခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦးထိမှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲဒေသခံတစ်ဦးက အသိပေးရေးသားထားသည်။

သတင်း

စစ်ကောင်စီတပ်သည် မေလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံမီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ပြည်သူလူထု အိုးအိမ်ပျက်စီးမှု အလွန်များပြားခဲ့ရခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်က ကိုးတောင်ဘို့ရွာအနီးဝန်းကျင်ရှိ ကိုင်းမကျေးရွာကို ဇွန်လ ၅ရက်က မီးရှို့ဖျက်ဆီးပြီးနောက် ပေါက်ကုန်းနှင့် နှောကုန်းအပါအဝင် ကျေးရွာလေးရွာကို ယနေ့(ဇွန် ၆ရက်) နံနက်ကစတင်ကာ ထပ်မံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။