Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကို အထောက်အပံ့ပြုသည့် ကုမ္ပဏီများအား ဗြိတိန်အရေးယူဒဏ်ခတ်မှု ကန်နိုင်ငံခြား ရေးဝန်ကြီးချီးကျူး

အမေရိကန်အစိုးရသည်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ် သက်သူများ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူဒဏ်ခတ်ထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်မရောက်မချင်း ထပ်မံအရေးယူပိတ်ဆို့ရန် အသင့်ရှိကြောင်း ကြေညာထား သည်။

ဗြိတိန်အရေးယူဒဏ်ခတ်မှုကန်နိုင်ငံခြားရေးဝန်ကြီးချီးကျူး
ဗြိတိန်အရေးယူဒဏ်ခတ်မှုကန်နိုင်ငံခြားရေးဝန်ကြီးချီးကျူး

မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့်အကြမ်းဖက်မှုများကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီများအား အရေးယူဒဏ်ခတ်ကြောင်း ဗြိတိန်၏ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ချီးကျူးလိုက်သည်။

“ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်ရန်စမှုကို ထောက်ခံအားပေးသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက ကြမ်းကြုတ်ရက်စက်သည့်အကြမ်းဖက်မှုများပြုလုပ်နိုင်စေရန် အထောက်အပံ့ပြုနေသည့် ကုမ္ပဏီများကို ဒဏ်ခပ်ပိတ်ဆို့အရေးယူမှုအကြောင်း ယူနိုက်တက်ကင်းဒမ်း၏ ယနေ့ ထုတ်ပြန်ချက်ကို မိမိ ချီးကျူးပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၎င်း၏တွစ်တာ၌ ရေးသားသည်။

မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ဇွန် ၁၆ ရက်တွင် ကြေညာခဲ့ပြီး ယင်းကုမ္ပဏီများသည် မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းများ အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့်အတွက် ပစ်မှတ်ထားအရေးယူဒဏ်ခတ်ခြင်းဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော မြန်မာကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်သည်။

အမေရိကန်အစိုးရသည်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ် သက်သူများ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူဒဏ်ခတ်ထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်မရောက်မချင်း ထပ်မံအရေးယူပိတ်ဆို့ရန် အသင့်ရှိကြောင်း ကြေညာထား သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

သတင်း

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

သတင်း

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။