Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမှတီးတိန်သွား​သောစစ်ကာင်စီတပ်ကို ​ဒေသခံကာကွယ်​ရေးတပ်နှစ်ဖွဲ့​ပေါင်းတိုက်ရာ ၇ဦး​သေ၊ ၁၅ ဦးဒဏ်ရာရ

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

(CDF CDM (စီးယင်း)အပါအဝင် ​ဒေသခံ တိုင်းရင်းသားလက်နက်ကိုက်အဖွဲ့များ ။ ဓါတ်ပုံ-CDM (စီးယင်း)
(CDF CDM (စီးယင်း)အပါအဝင် ​ဒေသခံ တိုင်းရင်းသားလက်နက်ကိုက်အဖွဲ့များ ။ ဓါတ်ပုံ-CDM (စီးယင်း)

ကလေးမြို့မှ တီးတိန်မြို့သို့သွားသည့် စစ်ကောင်စီတပ်၏ ယာဉ် ၁၇ စီးပါ ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုပူးပေါင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၇ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF CDM-Siyin အဖွဲ့ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ကားတန်းသည် ဇွန် ၁၆ ရက်တွင် ကလေးမြို့မှ ထွက်လာပြီး ဇွန် ၁၇ ရက်နေ့လယ် ၂နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲံ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယနေ့တိုက်ပွဲကို CDF CDM (စီးယင်း)နှင့်PDF(Zoland)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြေပြင်မှာ လိုင်းမကောင်းလို့ မြေပြင်ကသူတို့နဲ့ ဆက်သွယ်လို့မရသေးဘူး”ဟု CDM (စီးယင်း)အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်​မေးမြန်းရာတွင်ပြောသည်။

ကလေးမြို့မှ ချင်းတောင်ကို ဇွန် ၈ ရက် နံနက် ၈နာရီတွင် စစ်ကား ၄ စီးနှင့် နေ့လယ် ၁၁ နာရီတွင် စစ်ကား ၁၃ စီး တက်သွားသည်ဟု ​ဒေသခံများကပြောသည်။ ထိုကားတန်းတွင် ၅ စီးမှာ ရိက္ခာ ကားဖြစ်ပြီးကျန်ကားများမှစစ်ကောင်စီတပ်သားများဖြစ်သည်ဟုလည်း​ဒေသခံများက​​ပြောသည်။

ကလေးမြို့နှင့် တီးတိန်မြို့သည် မိုင် ၅၀ခန့် ကွာဝေးပြီး ပုံမှန် ၆ နာရီခန့်သာ မောင်းနှင်ရသည့် ခရီးအကွာအဝေးဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

သတင်း

ဇွန်လ ၃ရက်က စစ်ကောင်ဏီတပ်များ ညောင်လယ်ရွာသို့ ဝင်ရောက်လာစဉ် ပြည်သူ​ခြောက်ဦးကို သတ်ဖြတ်ခဲ့ရာ ၎င်းအနက် ငါးဦးမှာလက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF - MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

သတင်း

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။