Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် GSCB တိုက်တွန်း

” ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ ” ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

GSCB
GSCB

လာမည့် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် တစ်နိုင်ငံလုံး လွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌ တိုက်တွန်းခဲ့သည်။

GSCB
GSCB

အဆိုပါ ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများ၊ သေဒဏ်ချမှတ်ခံရသည့် ရဲဘော်များ၊ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များနှင့် တိုင်းပြည်အတွက် ကိုယ်မြို့ကိုယ်ရွာတွင် ရှိကြသည့် တန်ခိုးကြီးဘုရားများ၊ ဘုရားကျောင်းများ၊ ဗလီများ စသဖြင့် ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးသို့ သွားရောက်၍ ဆုတောင်းကြပြီး ၎င်းတို့နှင့် တသားတည်းအတူရှိနေကြောင်း ပြသပေးကြရန် GSCB က တောင်းဆိုခဲ့သည်။

GSCB
GSCB

” ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ ” ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

သတင်း

ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ တရားမဲ့ ပြုကျင့်မှုများကို တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ ၎င်းတို့၏အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်းနှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့ဖြင့် ဒဏ်ခတ် တုန့်ပြန်ပါရန် တိုက်တွန်းခဲ့သည်။

သတင်း

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

သတင်း

တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးဆပ် စွန့်လွှတ်သွားကြသောသူရဲကောင်းများအား လေးစားဂုဏ်ပြုသောအားဖြင့် GSCB၏ ပထမအကြိမ်ညီလာခံက ယင်းသို့ အဓိဋ္ဌာန်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။