Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ မှပြည်သူများ တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံ

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

(၂၀၂၁၊ မတ်လအတွင်းက ရန်ကုန်၌ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရန် ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Getty Images)
(၂၀၂၁၊ မတ်လအတွင်းက ရန်ကုန်၌ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရန် ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Getty Images)

ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများအ​နေဖြင့် အာဏာသိမ်းစစ်​ကောင်စီကိုတော်လှန်ရေးသည် မိမိတို့နှင့်ဆိုင်သည် ဟု မှတ်ယူပြီး ​တော်လှန်​ရေးအတွက် နိုင်ရာဝန်အား ထမ်း၍ တဖက်တလမ်း မှ ပူးပေါင်းပါဝင်ပေးကြပါရန်မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ် အသီးသီးတို့တွင် မြေပြင်သပိတ် ကော်မတီဝင် ရဲဘော် ၃၀ကျော်မှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည်။ ဇွန် ၁၄ ၊ ၁၅ ၊၁၆ရက်များတွင်လည်း ထပ်မံဖမ်းဆီး ခံခဲံရသည့် လူငယ်အများအပြားရှိခဲ့ရာ ​လေးရက်အတွင်း ဖမ်းဆီးခံ ထားရသူဦးရေမှာ ၆၀ နှင့်အထက်တွင် ရှိနေကြောင်း သိရသည်။

ထို့အပြင်အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

အလားသဏ္ဍန်တူ ဖြစ်ရပ်မျိုးသည် ၂၀၂၁နိုဝင်ဘာလအတွင်း တွင်ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြ‌ ပျောက်ကျား ရဲဘော်များနှင့် ထောက်ပို့ရဲဘော် များအပါအဝင် အင်အားရာ‌ကျော် ဆက်တိုက် ဖမ်းဆီးခံခဲ့ရ‌ပြီး ယင်းဖြစ်စဉ်အပြီးမြို့ပြတွင် စစ်ကောင်စီ၏ ဒုတိယအကြိမ် အမြောက်အမြား ဖမ်းဆီးခံရမှု ဖြစ်လာခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်များတွင် ယင်းကဲ့သို့စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပြီးမြို့ထွက်ပေါက်များတွင်အသင့်ပိတ်ဆို့ ထားကာ မြို့ထဲတွင် ဝင်ရောက်မွေနှောက်ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖေးမပေးရန် လိုအပ်နေကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက ​ပြောသည်။

ထို့ကြောင့် သာမန်ထက်ပိုသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့၏ယာဉ်တန်းများအား တွေ့ရှိပါက ယုံကြည်ရသည့် Scout Channel များသို့အလျင်မီသတင်းပေးပို့ခြင်း ၊ တိမ်းရှောင်လာသည့် ရဲဘော်များအား ခိုလှုံ့ခွင့်ပြုခြင်း စသကဲ့သို့သော ပူးပေါင်းပါဝင်မှုများ လွန်စွာလိုအပ်နေကြောင်း သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက လည်း​ပြောသည်။

” ဒေသခံလူထုရဲ့ ပါဝင်ပူးပေါင်းမှုမရှိသရွေ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ် ” ဟု ၎င်းက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

သတင်း

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။