Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည် ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ
မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည် ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် ဖယ်ခုံပြည်သူ့ကာ ကွယ်ရေးတပ်တို့၏တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း MBPDFက ယနေ့(ဇွန် ၁၈ရက်) ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၇ ရက်)က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ခွန်အားသစ်နိုးထဖွယ် ဘင်ခရာတီးဝိုင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များ၏ ရဲစွမ်းအားမာန်အပြည့်၊ ညီညာပြေ ပြစ်လှသည့် စစ်ရေးပြခြင်းသရုပ်ဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့ရသော ရဲဘော်များကို အလေးပြုပြီးနောက် မိုးဗြဲနှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များပေါ်ပေါက်လာပုံ ဖြစ်စဉ် သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့သည်ဟု ဆိုသည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညီနောင်မဟာမိတ်အဖွဲ့အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများဖတ်ကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော သက်ဆိုင်ရာ လူကြီးအသီးသီးမှ ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားခဲ့သည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သည် ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူများ၏ အားပေးထောက်ခံ့ဝန်းရံမှုကြောင့်သာ တစ်နေ့တခြား ကျစ်လစ်တောင့်တင်းလာခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်ခဲ့သည့်ကာလသည် ယခုဆိုလျှင် (၁)နှစ်ပြည့်ခဲ့ကြောင်း ဖော်ပြ သည်။

ဆင်းရဲမှုအထွေထွေ၊ သောကပေါင်းအလီလီကို ထမ်း ရွက်နေရသော မိဘပြည်သူများအနေဖြင့်လည်း ဆက်လက်ပြီး အားတင်းထားရန် MBPDFက အထူးတိုက်တွန်းသည်။

တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ကို အစဉ်အမြဲ နှလုံးသွင်းပြီး မလျော့သောဇွဲ၊ လုံ့လများဖြင့် စစ်အာဏာ ရှင်စနစ်ကို ဆက်လက်တော်လှန်ရန် အင်မတန်အရေး ကြီးသည်ဟုလည်း MBPDFက ပြောသည်။

MB PDFသည် ပြည်သူကို မျက်နှာမူပြီး တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များနည်းတူ အကြမ်းဖက်စစ်ကောင် စီတပ်ကို ဆထက်တိုး၍ ခုခံတွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း"အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု" ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

သတင်း

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People's Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

သတင်း

"ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ"ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။