Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနယ်အခြေစိုက်PDFတပ်များပေါင်၍”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု”အဖြစ်ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု” ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

မုံရွာနယ်အခြေစိုက်PDF
မုံရွာနယ်အခြေစိုက်PDF

စစ်ကိုင်းတိုင်း၊ မုံရွာနယ်အခြေစိုက် PDF တပ်များစုပေါင်းကာ “အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု”အဖြစ် ဖွဲ့စည်းလိုက်ကြောင်း၎င်းအဖွဲ့များကထုတ်ပြန်ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု” ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

လက်ရှိ အချိန်အထိ “တပ်ရင်း (၄) ရင်း” စာ အင်အားဖြင့် ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDFတပ်ပေါင်းစုကအသိပေးကြေညာထားသည်။

တပ်ပေါင်းစုဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတွင်ပါဝင်သည့် People’s Defence Force – South Monywaအဖွဲ့၏ တာဝန်ရှိသူက “နီးစပ်ရာအဖွဲ့အစည်းတွေကိုတော့တိုင်ပင် ဖြစ်ကြပါတယ်။အဖွဲ့အကုန်တော့မပါသလိုအကုန်လည်းမ
ပါနိုင်ပါဘူးဗျာ။ ဘုံ သဘောတူညီချက်ကတော့ အားလုံးသိကြသလိုစစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးပေါ့။ ကျန်တာကတော့တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တတ်နိုင်တာတွေကူညီကြအကြံပေးကြ ဖလှယ်ကြတာကစလို့စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအထိပဲပါတယ်ဆိုတာလောက်ကိုပဲ ပြင်ပကို ပြောပြနိုင်ပါတယ်ခင်ဗျ။”ဟုပြောကြားသည်။

အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတွင် People’s Defence Force – South Monywa၊ Black Dragon – Special Task Force၊ Anyar Defence Force (A.D.F)၊ God of Monywa People’s Defence Force၊ Red Eagle People’s Defence Force၊ Golden Eagle Force – Monywa၊ Monywa Fighter Group (MFG) Excellent Flag Force၊ G.P.D.F People Revolution Army၊Dragon Brother People Defence’s Force၊ Zayar-7 Sagaing-ARA၊ Black Wolf People Defence Force၊ Monywa Ranger Group Truth Army၊ Monywa Red Peacock၊People’s Defence Force-Yar Za Than၊Springs Dove၊C.D.F & S.R.A
စသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်ထားကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

သတင်း

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People's Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

သတင်း

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

"ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ"ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။