Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People’s Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း
ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း

စစ်ကောင်စီလက်အောက်ခံ ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကိုဖမ်းဆီးသိမ်းယူနိုင်ခဲ့ကြောင်း Earthquake People`s Defense Forceက ယနေ့ (ဇွန် ၁၈ ရက်) ထုတ်ပြန်သည်။

ရေစကြိုမှ ပခုက္ကူမြို့သို့ အဆိုပါယာဥ်သွားလာမှုကိုရက်​ပေါင်း(၂၀)ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

သိမ်းဆည်းစဥ် မြို့နယ်မှူးလက်အောက်ခံ ရဲနှင့်စစ်သားများလာရောက်မည်ဟု သတင်းရရှိသောကြောင့် ပစ်ခတ်ရန်စောင့်ဆိုင်းခဲ့သည်ဟုလည်း အသိပေးသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့မှ မလာသဖြင့် ကားအားတော်လှန်ရေးအသုံး အဆောင်အဖြစ်ထိန်းသိမ်းလိုက်ပြီဟု ဖော်ပြသည်။

“မြို့နယ်မှူးစီးတဲ့ကားအထိ တက်သိမ်းနိုင်ခဲ့တာဆိုတော့ ကျွန်တော်တို့တွေ အသက်တွေရင်း ဆောင်ရွက်နေရတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။နောက်ပြီး အဲဒီကားကို ကျွန်တော်တို့ တိုက်ဖို့ လုပ်တာ။ဖြစ်ချင်တော့ သူတို့ကား က စောထွက်သွားလို့ နောက်ယောင်ခံလိုက်တဲ့အချိန် ဝပ်ရှော့ ဆိုင်ဝင်ထိုးတယ်။သူတို့ ရှိသေးတယ် အထင်နဲ့ ဝင်လုံးတာ လူမရှိတော့ဘဲ ကားနဲ့ ကားထဲက ဖုန်းတချို့ပဲ ရခဲ့တယ်”ဟု Earthquake people`s Defense Forceမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ဝပ်ရှော့ဆိုင်မှ ပြည်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ခရီးသွားလာခွင့် ပိတ်ပင်လိုက်သည်ကို ကြားသိရကြောင်း ၎င်းက ဆိုသည်။

” ခိုင်မာ နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်မှာ ပြင်ဖို့လာအပ်ထားတဲ့အချိန် ဝင်သိမ်းသွားတာ။ဆိုင်က ပိုင်ရှင်နဲ့ အလုပ်သမားသုံးဦး ဖမ်းခံရတယ်လို့ သိရတယ်။ပြန်လွတ်၊မလွတ်တော့ မသိရသေးဘူး။ နောက်ပြီး တစ်မြို့လုံးကို စခနဲ့ ရခတွေ ပေါင်းစစ်နေတာ ညနေထိပဲ”ဟု ရေစကြိုမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People’s Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

တော်လှန်ရေးကို အရှိန်မြင့်စွာဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များနှင့် ဝေးဝေးမှနေထိုင်ရန်လည်း တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း"အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု" ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

သတင်း

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။