Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိန်း​ချောင်းဝတိုက်ပွဲတွင်စစ်​ကောင်စီတပ် ၁ဦး​သေ၊ ၁ဦးဒဏ်ရာရ

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)
(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)

ဇွန် ၅ မှစ​သောတိုက်ပွဲများတွင်စစ်သားအနည်းဆုံး၅ဦး​​သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး၊ ထိန်ချောင်းဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့က​ပြောသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး ထိန်း​ချောင်းဝတွင် ဇွန် ၁၇ ရက်နံနက်၁၀နာရီကျော်ချိန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟုလည်း တနင်္သာရီ​ပျောက်ကြားအဖွဲ့ ကထုတ်ပြန်သည်။

“ဇွန် ၅ ရက်ကတည်းက လယ်သစ်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ။ ထိတွေ့တိုက်ပွဲက အခုရက်ပိုင်းမှ ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

လယ်သစ်ရွာတွင်ဇွန် ၁၅ ရက် ညနေပိုင်းမှစ၍တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုနေ့မှစတင်ပြီးဇွန် ၁၈ ရက်အထိ ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်ဟု တနင်္သာရီကာကွယ်ရေး ပျောက်ကြားအဖွဲ့ကထုတ်ပြန်သည်။

ဇွန် ၁၆ ရက်တရက်တည်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်​အောက်ခံပျူစောထီးအဖွဲ့တို့မှ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇွန်၁၅ရက်တွင်စစ်ကောင်စီတပ်သား ၂ဦးသေပြီး၇ဦး ဒဏ်ရာရရှိခဲ့သည်။ထိုအပြင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၃ ဦးထွက်ပြေးခဲ့သည်ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့က အသိ​ပေးထားသည်။

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

လက်ရှိတွင်တိုက်ပွဲဆက်လက်မဖြစ်​သေး​ဘဲ စစ်​ရေးတင်းမာ​နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နယ်မြေစိုးမိုးရေးအတွက် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာမှာ လှည့်လည်အင်အားပြပြီး တညအိပ်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။

သတင်း

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

သတင်း

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။