Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နိုင်ငံခြား​​ရေးဝန်ကြီးဝမ်ယိ ပုဂံခရီးစဥ်တွင် Heritage Bagan ဟိုတယ်တွင်တည်းခိုမည်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ယီ။ ဓါတ်ပုံ- Time
တရုတ်နိုင်ငံခြား​ရေးဝန်ယီ။ ဓါတ်ပုံ- Time

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ညောင်ဦးလေဆိပ်လမ်းမပေါ်ရှိ Heritage Bagan Hotel ၌ တည်းခိုမည်ဖြစ်ပြီး တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ရှိသဖြင့် ယင်းဟိုတယ်၌အခြားမည်သည့်ဧည့်သည်မျှလက်မခံကြောင်းသတင်းရင်းမြစ်တစ်ဦးက People’s Spring သို့ပြောသည်။

Heritage Bagan Hotel သည် ဗိုလ်ချုပ်တစ်ဦး၏ဇနီးပိုင်ဆိုင်သော ဟိုတယ်ဖြစ်ပြီး တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့၏ ကိုယ်ပိုင်စားဖိုမှူးဖြင့်လာရောက်မည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ထိုအပြင်လွန်ခဲ့​သောတစ်ပါတ်ခန့်မှစ၍ ဟိုတယ်ဝန်ထမ်းအားလုံးကို အိမ်မပြန်ခိုင်းဘဲဟိုတယ်မှာပင်​နေခိုင်းထားပြီး ဟိုတယ်အတွင်းနှင့်အပြင်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယူနီ​ဖောင်းဖြင့်​ရော ၊အရပ်ဝတ်ဖြင့်ပါ လုံခြုံ​ရေးလုပ်​​နေပြီး​ခြေရှုပ်​နေ​ကြောင်း တပ်တွင်းဖရဲသီးသတင်း​ပေးပို့မှုအရသိရသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook
တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook

“မြို့ပေါ်က လမ်းဘေးဈေးသည်တွေ ဈေးဆိုင်တဲလေးတွေ လည်းအကုန် ဖျက်ဆီးရှင်းလင်းပစ်တာပါ။ ဘာ‌လမ်း‌ဘေး ဈေးသည်မှ မထွက်ရပါ၊ ဂယ်ပေါက်မပေးပဲ သူတို့ လုပ်ချင်တာကိုပဲ မျက်နှာလိုအားရနဲ့ သခင်အားရ ကျွန်ပါးဝလုပ်နေကြတာပါ”ဟု ​ဒေသခံတစ်ဦးကလည်း စစ်​ကောင်စီက ပုဂံ​ညောင်ဦး​ဒေသတွင် ပြည်သူများကိုယခုရက်ပိုင်းဖိနှိပ်​နေမှုများကို​ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန်ပုဂံ-ညောင်ဦးသို့ လာရောက်မည်ဖြစ်ပြီး ယခုသီတင်းပတ်အကုန်(ဇူလိုင်လဆန်း)တွင် ရောက်ရှိမည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက AFP သို့ ပြော ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။သို့​သော် ဇွန်လ ၂၇ ရက်တွင် တရုတ်သံအမတ်ကြီးမစ္စတာချန်ဟိုင်းသည် စစ်​ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့်​နေပြည်​တော်တွင်​တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံ​ရေး၊ ပူး​ပေါင်း​ဆောင်ရွက်​ရေးတို့ကို​ဆွေး​နွေးခဲ့​ကြောင်း စစ်​ကောင်စီကသတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook
တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook

ထိုအပြင်ယခုလပိုင်းအတွင်း အာဏာသိမ်းစစ်​ကောင်စီပုဂံ-ညောင်ဦးကို လုံခြုံရေးအင်အားများတိုးချဲ့​​နေပြီး လမ်း​ဘေးရှိသစ်ပင်များကိုလည်းထုံးသုတ်​နေ​ကြောင်း​ဒေသခံများက​ပြောသည်။ယမန်နေ့နှင့် ယနေ့နံနက်တွင်လည်း ဧရာ၀တီမြစ်အတွင်း စစ်ရေယာဉ်များကို မြင်တွေ့ရ ကြောင်းဒေသခံအချို့က ပြောသည်။

ထို့အပြင် ပုဂံနှင့်ဧရာဝတီမြစ်တဖက်ကမ်းသာခြား​သောပခုက္ကူ၊ ရေစကြိုမြို့နယ်များအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို နှိမ်နှင်းရန်အတွက် အကြမ်းဖက်စစ်ကောင်စီသည် အင်အားဖြည့်တင်းမှုများ၊ စစ် ကြောင်းထိုးမှုများရှိနေကြောင်း သိရသည်။

“မနေ့က ရေစကြို တပ်ထဲမှာ အင်အား ၅စီးလောက် ရောက်နေတာ။ မနေ့ညနေက။ ရေလယ်ကျွန်းမှာတော့ အရင်ထိုးနေတဲ့ စစ်ကြောင်းက အခုထက်ထိရှိနေသေးတယ် ဘယ်မှတော့ မသွားဘူး ရွာတွေထဲ ဝင်လိုက် ထွက်လိုက် ပေါ့။ နောက်ထပ်တစ်ကြောင်းကတော့ မနေ့ညနေက ထိုးလာတဲ့ စစ်ကြောင်း တစ်ကြောင်း ရှိတယ်။ သစ်ကြီးတောမှာ။ မနေ့ညကတော့ သစ်ကြီးတောကို ဝင်ပြီး မီးတွေရှို့နေတယ်” ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ဝေကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါရေစကြိုနယ်တွင် စစ်ကောင်စီတပ်များသည်ထိုးစစ်ဆင်ခြင်း ၊ စစ်ရေးအင်အားဖြည့်တင်းခြင်းများပြုလုပ်နေပြီး ဇွန်လ ၂၈ရက်ညပိုင်းတွင် သစ်ကြီးတောရွာကိုထပ်မံမီးရှို့ခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။

“ပြည်သူလူထုကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ဘက် ရပ်တည်တဲ့ သူတို့ကို ကာကွယ်ပေးတဲ့ သူတွေဘက်ရပ်တည်တဲ့သူနဲ့ပေါင်းတာဆိုတော့ စစ်ကောင်စီအနေနဲ့ စိုးမိုးမှုကတော့ ရမှာ မဟုတ်ဘူး။ မရတော့ သူတို့ စိုးမိုးမှု မရနိုင်တဲ့အဆုံး သူတို့က မီးရှို့မှာပေါ့။မီးရှို့မယ် ဒုက္ခပေးမယ် ဒါပါပဲ” ဟု ရဲဘော်ဝေကြီးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။

သတင်း

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဦးဝင်းဇော် နှုတ်ထွက်၊မထွက်ကို အချိန်ကာလတစ်ခု စောင့်မည်ဖြစ်ပြီး မြို့ခံများအနေ​ဖြင့် Family ဟိုတယ်နှင့် မိသားစုရွှေဆိုင်များအား အသွားအလာ ရှောင်ကြဥ်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။

သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။