Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တလေးလမ်းကိုယာယီပိတ်​ကြောင်း​ချောင်းဦးPDF​ကြေညာ

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။

လ(မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်၌တိုက်ပွဲဖြစ်​နေ၍ လမ်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသောယာဥ်တန်းများ၊ ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်၌တိုက်ပွဲဖြစ်​နေ၍ လမ်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသောယာဥ်တန်းများ၊ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအားအရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက သတိပေးကြေညာသည်။

မုံရွာ – မန္တလေးလမ်းပိုင်းကို ကြေညာချက်ထုတ်ပြန်ချိန် ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီ ၄၅ မိနစ်အချိန်မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင်ဖော်
ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောကားများအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFကမေတ္တာရပ်ခံသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

သတင်း

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။

သတင်း

စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်​လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။