Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမှားတွေကိုထပ်ခါတလဲလဲကျုးလွန်နေတဲ့စစ်ကောင်စီ လမ်းဆုံးတော့မယ်လို့ KNU ဆို

“လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်” လို့ပဒိုစောတောနီးက ဆိုပါတယ်။

ပဒိုစောတောနီး
ပဒိုစောတောနီး

စစ်ကောင်စီဟာ အမှားတွေကို ထပ်ခါတလဲလဲ ကျုးလွန်နေပြီး လမ်းဆုံးကို တိုးဝင်နေတဲ့အနေအထားဖြစ်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီရဲ့အခြေအနေကို ပြောပါတယ်။

“ဒီနေ့ ဒီကာလမှာ စစ်ကောင်စီဟာ အမှားကို အမှားနဲ့ ပြန်ပြီးတော့ ထပ်ခါ ထပ်ခါ လုပ်နေတာတွေ့ရတယ်” လို့ပဒိုစောတောနီးကဆိုပါတယ်။

လက်ရှိအချိန်မှာ KNU ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့တပ်တွေ နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

KNU တပ်မဟာ အလိုက် နယ်မြေတွေမှာ နေ့စဉ်နီးပါး ထိတွေ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ KNU ရဲ့ုထုတ်ပြန်ချက်တွေအရသိရပါတယ်။

လတ်တလောမှာ ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊လေကြောင်းကနေ တိုက်ခိုက်မှု တွေကြောင့် ဒေသခံအရပ်သား ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ၁၅ ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ KNU ကဆိုထားပါတယ်။

ဒါအပြင် KNU တပ်မဟာ ၁ ၊ တပ်မဟာ ၆ နယ်မြေတွေထဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် အရပ်သား ၆ ဦးခန့်သေဆုံးခဲ့ရကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဒီလိုအရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ စစ်ကောင်စီတပ်ရဲ့လုပ်နေကျ အလုပ်လိုဖြစ်နေကာ ဒီနောက်ပိုင်းမှာတော့ ပြည်သူတွေကို ပစ်မှတ်ထားတာဟာပိုမိုပြင်းထန်လာတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောပါတယ်။

“လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်” လို့ပဒိုစောတောနီးက ဆိုပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

သတင်း

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

သတင်း

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။