Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာမြို့နယ်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်းကို ပစ်ခတ်ရှင်းလင်း

ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ ​လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YGN UGA
YGN UGA

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တ/၁၅ ရပ်ကွက်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်း ဝင်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ YGN UGAက ထုတ်ပြန်သည်။

“နန်းထိုက်အောင်”စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယနေ့(ဇူလိုင် ၁၇ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က (၁၅)ရပ်ကွက် ရုံးဘေးလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးဝင်နိုင်နှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုတွင် ပန်းခြံ (၈)ရပ်ကွက်မှ ရာအိမ်မှူးထွန်းမင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု အသိပေးသည်။

ထို့အပြင် ခုခံတုံ့ပြန်ရန်ကြိုးပမ်းခဲ့သည် စစ်ကောင်စီ အလိုတော်ရိပေါက်စများကိုလည်း အတက်နိုင်ဆုံး ငဲ့ညှာသောအားဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းသာပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။

စစ်ဆင်ရေးတွင် ရဲဘော်များအားလုံးဘေးကင်းပြီး ကျန်ရှိနေသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် အချိန်မီနှုတ်ထွက်ကြရန်လည်း YGN UGAက သတိပေးသည်။

ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ ​လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

သတင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

သတင်း

"ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်"ဟု Young Force(UG)ကဖော်ပြသည်။

သတင်း

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။