Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်

ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်
ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျည်စုရပ် ကွက်ရုံးကို Yangon UG Association ၏ မဟာမိတ်ညီနောင်အဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၇ရက်တွင် ယင်းတိုက်ခိုက်မှုကို Secret Underground Force (SUF ) ၊ Special Nway Oo (SNO) နှင့် God’s Hand Forces(GHF) အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုရှိခဲ့ကြောင်း Yangon UG Association(YUA) က အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုအပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လှော်ကားလမ်းမကြီး၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲရန်ပြင်ဆင်ထားခဲ့သော်လည်း စစ်ကောင်စီဘက်ကို သတင်းပေးသူရှိသောကြောင့် မအောင်မြင်ခဲ့ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

“ဘေးတွဲဆိုင်ကယ်နှင့် တွဲလျက်တပ်ဆင်ထားမှုကို နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တွေ့ရှိသွားပြီး ဖောက်ခွဲချိန်မရပဲ စစ်ကောင်စီ တပ်သားများက လာရောက်သိမ်းဆည်းသွားခဲ့ပါသည်”ဟု YUAက ဆိုသည်။

ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း

ယင်းတိုက်ခိုက်မှုကို FRF(CHU)တပ်ရင်းနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA- စစ်ကိုင်းခရိုင်တပ်ရင်း ၅)တို့မှ တိုက်ခိုက်ခဲ့ပြီး Zarmini MMU (စစ်ကိုင်းခရိုင် တပ်ရင်း ၁) နှင့် Chaung U Revolution Army (CRA-1)တို့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

YGF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအား စစ်ရေးအရှိန်မြှင့်၍တိုက်ခိုက်သွားမည်ဖြစ်ရာပြည်သူများအနေဖြင့်လည်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြရန် အသိပေးသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။