Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့အခြေစိုက်(ခမရ ၄၂၂)တပ်စခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF တပ်ရင်း - ၃
ဓာတ်ပုံ - KNDF တပ်ရင်း - ၃

မိုးဗြဲမြို့ အခြေစိုက်(ခမရ ၄၂၂) တပ်မှစစ်ကောင်စီစခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၃ က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၈ ရက်)နံနက် ၅နာရီမှ စတင်၍ မိုးဗြဲမြို့ (၄၂၂)တပ်ရှိ စစ်ကောင်စီစခန်းကို KNDF -B03၊ KNDF-B11နှင့် ကရင်နီတပ်မတော်(KA) တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပြန်လည်ခုခံခြင်းကြောင့် တိုက်ပွဲမှာ ၁နာရီခန့်ကြာခဲ့သည်ဟု ဆိုသည်။

ထို့နောက် နေ့လယ် ၁နာရီမှ စတင်၍ မိုးဗြဲမြို့ ပွဲကုန်း(၃) ရှိ “ဘုရား၏သန့်ရှင်း တော်မယ်တော်” ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ် များမှ စခန်းချနေထိုင်ရန် ကြိုးစားခဲ့ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ ရဟန်း၊သီ လရှင်နှင့် ဘာသာဝင်(ကလေးအပါဝင်)များကို ဓါးစာခံ လုပ်ကာ ထိန်းသိမ်းခဲ့ခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားရကြောင်း အသိပေးသည်။

ဒုတိယအကြိမ်တိုက်ပွဲတွင် Mobye -PDF နှင့် Pekhon-PDF တပ်ရင်း(၂) မှလည်း ပူးပေါင်းပါဝင် လာပြီး စစ်ကောင်စီတပ်အင်အားမှာလည်း ခန့်မှန်း ၁၀၀ဝန်းကျင်ရှိခဲ့သည်။ ပွဲကုန်း(၃) ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ယင်းပတ်ခတ်မှုအပြီးတွင် ရဟန်း၊ သီလရှင်များ နှင့် ကျောင်းတွင်းနေထိုင်သူများ မှာ ထွက်ပြေး ၏လွတ်မြောက်လာကြကြောင်းလည်း KNDF တပ်ရင်း – ၃ က ဆိုသည်။

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့တွင် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖယ်ခုံမြို့ ၊ ခေါင်းအိကျေးရွာသို့လည်း လက် နက်ကြီး ငါးချက်ပစ်ခတ်ရာ နေအိမ်၂လုံး ပျက်စီးခဲ့သည်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီတပ်များ၏ ကင်းပုန်းများရှိနေသည့် အတွက် မိုးဗြဲပြည်သူလူထုများက သတိဖြင့် သွားလာကြပါရန်၊ ဘေးကင်း လုံခြုံရေးအတွက် ဦးစားပေး နေထိုင်ရန်နှင့် အရေးပေါ်အခြေနေတွင် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ကြပါရန် KNDFက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။