Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုပြော

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU
ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယမန်နေ့ (ဇူလိုင် ၁၇ ရက်) နေ့လည် ၁နာရီခန့်တွင်ကစ၍ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု – KRU က မိုင်းရှင်းရေး၊ နယ်မြေရှင်းလင်း ရေးလုပ်နေစဥ် စစ်ကောင်စီတပ်မှ ၇၉ ကျည်၊ (၆၀)မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် မိနစ် ၃၀ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU
ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ – KRU

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိနိုင်ပြီး သေဆုံးမှုများရှိနိုင်ပြီး KRU ဘက် မှရဲဘော်များ တစုံတရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း အသိပေးသည်။

ထိုနေ့ ညအချိန်တွင်လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု – KRU ၏ နင်းမိုင်းများကို စစ်ကောင်စီတပ်သားများ နင်းဖြတ်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံးသုံးဦး ထိခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU

ထို့အပြင် ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၁၀ နာရီတွင် ကုန်းသာ၌ တပ်စွဲနေသော စစ်ကောင်စီ တပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တပ်ဖွဲ့များ မိနစ်၃၀ခန့်ကြာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီမှထိခိုက်မှုများပြားခဲ့ပြီး KRU တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။