Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆယ်ဇင်းတိုက်ပွဲတွင်အထိနာ​နေ​သောစစ်တပ်က​ဒေသခံနှင့်​ရွေ့​ပြောင်းလုပ်သားများကို ၂ ရက်အတွင်းထွက်ခွာရန်ဖိအား​ပေးခြိမ်း​ခြောက်​နေ

“စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

(ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကိုGoogle Map တွင်မြင်​တွေ့ရမှု)
(ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကိုGoogle Map တွင်မြင်​တွေ့ရမှု)

ဖားကန့်မြို့နယ်ဆည်ဇင်း​ရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီးနောက် ဒေသခံများနှင့် ရွှေ့ပြောင်းအခြေချသူများကို နှစ်ရက်အတွင်းထွက်ခွာရန်စစ်ကောင်စီတပ်ကဖိအား​ပေးခြိမ်း​ခြောက်​နေသည်ဟုဒေသခံများကပြောသည်။

“နှစ်ရက်အတွင်းထွက်ရမယ်လို့ ရပ်ကျေးဘက်ကလာ​ပြောနေတယ်။ တချို့လည်းကြောက်လို့ အင်းတော်ကြီးဖက်ကို ပြေးသွားကြပြီ။ ကျွန်တော်တို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိသေးဘူး”ဟု ဆည်င်းဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဇင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ စစ်ကိုင်းတိုင်းအပါအဝင် အထက်ပိုင်းဒေသမှ ရွှေ့ပြောင်းလုပ်သားအများအပြားသည် ဆည်ဇင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသည်။ယခုအခါ စစ်ကောင်စီတပ်က နှင်ထုတ်နေ၍ အခက်အခဲတွေ့နေသည်ဟုရွှေ့ပြောင်းလုပ်သားများကပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဆည်ဇင်းကျေးရွာတွင် ဇူလိုင် ၁၆ရက်ကစ၍ ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ ဇူလိုင် ၁၆ရက်၊ ၁၇ရက်နှင့် ၁၈ရက်အထိသုံးရက်ဆက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ လတ်တလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ ဦးထက်မက သေဆုံးကြောင်း ​ဒေသခံအချို့က​ပြောသည်။

“စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

ထိုအပြင် ဇူလိုင် ၂၀ တွင်လည်းစစ်​ကောင်စီတပ်ကရဟတ်ယာဥ်အသုံးပြု တိုက်ခိုက်ခဲ့​ကြောင်း KIA ၏ထုတ်ပြန်ချက်အရသိရသည်။

စစ်​ကောင်စီတပ်သည်ဆယ်ဇင်း​ဘက်သို့ စစ်အင်အားတိုးချဲ့ရန် ဇူလိုင်ဒုတိယပါတ်တွင် တာမခန်မှ​ခြေလျှင်ထွက်ခါလာရာ ဆယ်ဇင်းအ​ရောက်တွင် KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်မှ တပ်မ ၃၃ အောက် ၇၆တပ်ရင်း၊ ခလရ ၄၂ စုပေါင်းတပ်တို့ဖြစ်ပြီး KIA၊PDF ပူး​ပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့်​သေဆုံးထိခိုက်မှုများပြီး​လေ​ကြောင်းပစ်ကူဆက်တိုက်အသုံးပြု​နေရခြင်းဖြစ်သည်။ ​သေဆုံး၊ဒဏ်ရာရသူများ၊စစ်ကူများ ၊လက်နက်ခဲယမ်းများကိုလည်းစစ်တပ်က ရဟတ်ယာဥ်ဖြင့်သုံး၍သယ်ယူပြီး တိုက်​လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်​နေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

သတင်း

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

သတင်း

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

သတင်း

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။