Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆယ်ဇင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကသေဆုံး၊ ဒဏ်ရာရသူများကို​ရဟတ်ယာဥ်ဖြင့်သယ်ယူဟု KIA ထုတ်ပြန်

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

(ဖားကန့်မြို့နယ် ၊ဆယ်ဇင်းတိုက်ပွဲဖြစ်ပွားရာ​နေရာနှင့်စစ်​ကောင်စီတပ်က ​လေယာဥ်အသုံးပြုတိုက်ခိုက်​ကြောင်းသရုပ်​ဖော်​မြေပုံ။ ။ဓါတ်ပုံ-Kachin Net)
(ဖားကန့်မြို့နယ် ၊ဆယ်ဇင်းတိုက်ပွဲဖြစ်ပွားရာ​နေရာနှင့်စစ်​ကောင်စီတပ်က ​လေယာဥ်အသုံးပြုတိုက်ခိုက်​ကြောင်းသရုပ်​ဖော်​မြေပုံ။ ။ဓါတ်ပုံ-Kachin Net)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲမှာ ယနေ့ အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကတိုက်လေယာဉ်၊ရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

ဇူလိုင် ၁၉ရက်တွင် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် မနက် ၅နာရီ အချိန်မှ ညနေ ၇နာရီခွဲအထိ ဆယ်ဇင်း ကုန်းဘက် ဗုံး ၁၃ကြိမ်တိုင်ကြဲချပစ်ခတ်ခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် လူအင်အား ဖြည့်တင်းကာ​သေဆုံးသူနှင့် ဒဏ်ရာရသူများကိုလည်းရဟတ်ယာဥ်ဖြင့်သယ်ယူသွားသည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေးဌာနကယနေ့ထုတ်ပြန်သည်။

ဆယ်ဇင်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုကြောင့် KIAနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေ့တိုင်း တိုက်ပွဲဖြစ်နေ၍ ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ဖော်ပြထားသည်။ ထို​ကြောင့်​ဒေသခံအချို့မှာထွက်​ပြေးတိမ်း​ရှောင်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။

တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများ​သော်လည်းKIA က​ထုတ်ပြန်ခြင်းမရှိ​ပေ။ ​ဒေသခံများနှင့် PDFများနှင့်နီးစပ်သူများ၏ အ​ပြောအရ စစ်​ကောင်စီတပ်မှသေဆုံးသူ အနည်းဆုံး ၅၀ ​​ခန့်ရှိပြီးလက်နက်ခဲယမ်းများကိုလည်း KIAကသိမ်းဆည်းရမိ​ကြောင်း သိရသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ" ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

သတင်း

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

သတင်း

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

သတင်း

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။