Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးသူ ၂၀ခန့်ရှိဟု AA အသိပေး

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Ktk Ula/FB
ဓာတ်ပုံ - Ktk Ula/FB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀ခန့်ရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏ Facebook မှတစ်ဆင့် အသိပေးသည်။

ဇူလိုင် ၁၈ရက် နံနက်က မောင်တောမြို့နယ် မြောက်ပိုင်း ၌ AAနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရဲမှူးအပါအဝင် ၁၄ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း AAက ထုတ်ပြန်ထားပြီး ယနေ့တွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရာထူး၊ အမည်စာရင်း တို့ကို ဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေရှိ AA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ" ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

သတင်း

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

သတင်း

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

သတင်း

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။