Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး

KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး
မိုးမိတ်တိုက်ပွဲတွင်အထိနာ​သောစစ်​ကောင်စီတပ်က ​​သေနတ်ဖြင့်ပစ်၍ ပြည်သူတစ်ဦး​သေဆုံး

ဇူလိုင် ၂၁ ရက်တွင်မိုးမိတ်၌စစ်​ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ်ကတစ်​နေကုန်တိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်၊ မိုးမိတ်တွင် ယမန်နေ့က တစ်နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီက အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တစ်နေကုန် တိုက်ပဲဖြစ်တာ။ စစ်ကောင်စီဘက်က ဒဏ်ရာရလူနာတွေ သယ်သွားတာတွေ့တယ်။ သရက်ချိုရွာမှာ သားအမိနှစ်ယောက်တည်းနေတဲ့ အိမ်ကို စစ်ခွေးတွေက သေနတ်နဲ့ ပစ်တာသားဖြစ်သူသေဆုံးသွားတယ်”ဟု မိုးမိတ်ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူသည် အသက် ၁၇နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ တိုက်ပွဲသည် စင့်ကင်ရွာတွင်သာ ဖြစ်ခဲ့ကြောင်း၊ အထိနာလာသည့် စစ်ကောင်စီ သရက်ချိုရွာအရောက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ယမန်နေ့က တိုက်ပွဲသည် နံနက် ၇နာရီခန့်မှစတင်ခဲ့ပြီး ည ရှစ်နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်းသည့်အချိန်မှသာ ပစ်ခတ်သံများ ရပ်သွားသည်ဟု ဒေသခံများကပြောသည်။မိုးမိတ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ တပ်မ ၉၉နှင့် တွင်းငယ်အခြေစိုက်အမြောက်တပ်ရင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဘက်က ၆ဦးထက်မနည်း​သေဆုံးထိခိုက်မှုရှိပြီးKIAနှင့် PDF ပူးပေါင်းအဖွဲ့မှလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများ​က ပြောသည်။

မိုးမိတ်ဒေသတွင် စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်လာပြီးနောက် စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ် လမ်းကြောအား မည်သည့်နည်းလမ်း နှင့်မျှ ခရီးသွားလာခြင်းမပြုလုပ်ကြရန် မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်ကဇူလိုင် ၁၇ရက်ကတွင် သတင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

သတင်း

ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းသွားလမ်းလာ သံဃာတစ်ပါးလည်း ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။

သတင်း

ယခုတိုက်ခိုက်မှုပြုလုပ်မည့် စစ်ရေးစ်ရှင်ကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းကပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်းဒလန်သတင်းပေးမှုကြောင့် ပစ္စည်းများပြန်သိမ်းကာ နောက်တစ်ကြိမ်ထပ်မံပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

သတင်း

ပခုက္ကူ မှတက်လာသည့် ကား ၁၀၅ စီးပါ စစ်ကောင်စီယာဉ်တန်းသည်ဇူလိုင် ၂၀ရက်တွင်မင်းတပ်မြို့ ခလရ ၂၇၄ ထဲသို့ဝင်ကြပြီးနောက်ညပိုင်းတွင်စစ်ကောင်စီတပ်ကမင်းတပ်နယ်အနောက်ဘက်သို့လက်နက်ကြီးများပစ်ခတ်ခဲ့ရာ စုစုပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။