Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

​သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

●”ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ”

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးအား သေဒဏ်ပြစ်ဒဏ်စီရင်ပြီးဖြစ်အကြမ်းဖက်စစ်ကောင်စီက ကြေညာသည့် သတင်း မှန်ခဲ့မည်ဆိုပါက သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က အသိပေးလိုက်သည်။

“ သတင်းသာမှန်ခဲ့မယ်ဆိုရင်” ဟု ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားကာ “ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်” ဆိုသည့် နယူတန်၏ တတိယနိယာမ ကို အင်္ဂလိပ်၊ မြန်မာတို့ဖြင့် ရေးသားထားသည့် စာကို ဖော်ပြခဲ့သည်။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

ထို့ပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်း လို့ဘဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်စီရင်ပြီးဟု အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်သည့် သတင်းနှင့်အတူ ဖော်ပြခဲ့သည်။

​သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ အပါအဝင် ၄ဦးကို ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုကို ပြည်တွင်း ပြည်ပက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ သတိပေးထားသည့် ကြားမှာ အကြမ်းဖက်စစ်ကောင်စီက ​သေဒဏ်​ပေးခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

သတင်း

ဇွန်လ ၂၂ရက်က သရက်-ကံမ PDF များ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ PDF ၁၂ဦး ကျဆုံးပြီး အချို့မှာ ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်၌ လက်နက် ၂၅လက်နှင့် ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။

သတင်း

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။