Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းလားခေါင်းဆောင်ဈာပနအခမ်းအနားနေ့တွင် MNDAAက အလံတစ်ဝက်လွှင့်ထူဝမ်းနည်းကြောင်း ပြသ

ဦးစိုင်းလင်းအပါအဝင် မိုင်းလားတပ်ဖွဲ့သည် MNDAA၏ တော်လှန်ရေးအတွက် ထင်ရှားသည့် ကူညီမှုများပေးခဲ့ဟု ဖော်ပြ

ဟန်နွေ/People’s Spring

မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA) ခေါင်းဆောင်ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ် ၂၃ရက်တွင် ကျင်းပခဲ့ရာ ကိုးကန့်တပ်မတော်(MNDAA)က ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့၏ အလံကို တိုင်တစ်ဝက်လွှင့်ထူခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ဩဂုတ် ၇ရက်တွင် ကွယ်လွန်ခဲ့သည့် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းသည် ကိုးကန့် တပ်ဖွဲ့ (MNDAA) ထူထောင်သူ ဦးဖုန်ကြားရှင်၏ သားမက်ဖြစ်သည်။

ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ကို တည်ထောင်သူဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အဓိကပါဝင်ကူညီသူဖြစ်ကြောင်း MNDAAက ထုတ်ပြန်ကာ မြန်မာနိုင်ငံ၏ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး၏ ရှေ့ဆောင်သူဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဦးစိုင်းလင်းကွယ်လွန်ချိန်ကလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) အထူးဒေသ(၁)တပ်မတော်၊အုပ်ချုပ်မှုကော်မတီနှင့် အရပ်သားတို့သည် အထူးဒေသ(၄) ရှိ ဆွေမျိုးသားချင်းနှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ကြရပြီး အထူးဒေသ(၁)အုပ်ချုပ်မှုကော်မတီသည် ရှေ့ဦးစွာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ပါတီ၊အုပ်ချုပ်မှုကော်မတီ၊တပ်မတော်နှင့် ပြည်သူ့ကိုယ်စားပြု၍ ဥက္ကဌကြီး ဦးစိုင်းလင်း အား ဂါရဝပြုကြောင်း၊ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)၏ အရိုးသားဆုံး မိတ်ဆွေဖြစ်ကြောင်း၊ အထူးဒေသ(၄)နှင့် အထူးဒေသ(၁)တို့သည် လေးနက် သော အစဉ်အလာ ချစ်ကြည် ရင်းနှီးမှု ရှိကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီMNTJနှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အမျိုးသား ဒီမိုကရေစီ တော်လှန်ရေးအတွက် အထူးကာလ၌ အထူးဒေသ(၄)မှ ခေါင်းဆောင် များ၊တပ်မတော်နှင့် အရပ်သားများသည် သိသာထင်ရှားသော အကူအညီများ ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် မဟာမိတ်များနှင့်ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ကိုးကန့်ဒေသတစ်ခုလုံး ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းထုတ် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ယခု ဩဂုတ် ၃ရက် တွင်လည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အထူးဒေသ(၄)မိုင်းလားတပ်ဖွဲ့လည်း ဩဂုတ် ၂၂ရက်တွင် ဦးစိုင်းလင်းအား လွမ်းဆွတ်တမ်းတခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ ဦးစိုင်းလင်း၏ ဒေသအတွက် စွမ်းဆောင်ခဲ့မှုများနှင့် ၎င်း၏ မွန်မြတ်သည့် စိတ်ဓာတ်ကို ပြန်လည်အောက်မေ့တမ်းတခဲ့ကြောင်း၊ ဦးစိုင်းလင်း၏ ရည်မှန်းချက် များကို အမွေဆက်ခံပြီး သားဖြစ်သူ လက်ရှိ ဥက္ကဋ္ဌဦးထိန်လင်း ဦးဆောင်သည့် အဖွဲ့က အထူးဒေသ(၄) ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းသွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၁၄၇)နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာနအနေဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDMကျန်းမာရေးဝန်ထမ်းအများစု အပါအဝင် ဝန်ထမ်း ၅၀၀ခန့်ဖြင့် လည်ပတ်နေကြောင်း အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၂၉၆ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း MNDAA က ယနေ့ သတင်းထုတ်ပြန်သည်။