Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတွဲမြို့နယ်မှ စစ်ကောင်စီ၏ နောက်ဆုံးရေတပ်စခန်းကို AA ထိုးစစ်ဆင်

ရခိုင်တောင်ပိုင်း မြို့နယ်လေးခု၌ စစ်ရေးတင်းမာ

သံတွဲမြို့နယ် ရှိ ငပလီ ကမ်း​ခြေရှိ စစ်တပ်စခန်းများကို သိမ်းယူပြီး​နောက် အာရက္ခတပ်​​တော်(AA) တပ်ဖွဲ့ဝင်များကို ဇူလိုင်လက​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk

မိထက်/People’s Spring

သံတွဲမြို့နယ်မှ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့်မောင်ရွှေလေး ရေတပ်စခန်းနှင့် ဂွမြို့နယ်မှစစ် စခန်းများကို အာရက္ခတပ်တော်(AA) ကထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

သံတွဲမြို့နယ်မှ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ငပလီ (မဇင်​)​လေဆိပ် ၊ သံတွဲဟိုတယ်ဇုန် အပါအဝင်​နေရာအများစု ဇူလိုင် ၁၆ ရက်ကတည်းကအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သော်လည်း မောင်ရွှေလေး ရေတပ်စခန်းကျန်နေသေးသဖြင့် AAက ယခုရက်ပိုင်း၌ နောက်တကြိမ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ဒေသခံအချို့ကပြောသည်။

“ရေတပ်ကို စစ်တပ်က အင်အားတော်တော်လေးကိုပို့ထားတယ်။ တပ်တော်(AA)ကတော့ သူ့ဗျူဟာအတိုင်းသွားနေတယ်။ ဒီရက်ထဲမှာတော့ အရင်ကထက်ပိုပြီးတိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​မောင်​ရွှေ​လေး ​ရေတပ်စခန်း နှင့် ဘဂ်လားပင်လယ်​အော်ရှိ စစ်တပ် သ​ဘော်များ​ပေါ်မှလက်နက်ကြီးများဖြင့် ဆုံးရှုံးထား​သော စခန်း နှင့် တပ်ရင်းများကို ပသ်ခတ်​နေသဖြင့် ​​​မြောက်ဘက်တွင် ​တောင်ကုတ်မြို့ နယ် ​တောင်ဘက်တွင် ဂွမြို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မည်ဟု AA က သြဂုတ် ၁ ရက်တွင် ​ကြေညာခဲ့သည်။ထိုသို့​​ကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်​နေခြင်းဖြစ်သည်။

တချိန်တည်းတွင် သံတွနှင့် မိုင်၄၀ခန့်အကွာရှိ ဧရာဝတီတိုင်းနှင့်နယ်စပ်မြို့ဖြစ်သော ဂွမြို့နယ်မှစစ်ကောင်စီတပ်စခန်းများကိုလည်း AAကထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ကျိန္တလီမြို့ ရှိ စစ်တပ်စခန်းများကို AAကတိုက်ခိုက် သိမ်းပိုက်ပြီးဖြစ်သည်။

“ဂွမှာ စစ်တပ်က အမြောက်တပ်ဆင်ပြီး ခံစစ်ကိုအသေအချာလုပ်နေတာ။ မြို့စွန်ကတပ်တွေကို AAက စတိုက်နေပါပြီ။ မြို့ထဲမှာတော့ လက်ရှိအချိန်အထိအေးအေးဆေးဆေးရှိပါတယ်” ဟု ဒေသခံတဦးကပြောသည်။

ဂွမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများသည် ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများကို ပုသိမ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းလိုင်းခန်းများနှင့် ဟင်္သာတမြို့မြို့ရှိ ဘေးစီမံကျောင်းအဆောက်အအုံ၌ စစ်ကောင်စီက နေရာချထားပေးကြောင်းစုံစမ်းသိရသည်။

တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီက သံတွဲမြို့နှင့်တစ်ဆက်တည်းရှိသည့် တောင်ကုတ်မြို့ရှိ တက္ကသိုလ်တွင် တပ်စွဲထားပြီး အမြောက်တပ်ဆင်ထားကြောင်း သတင်းရရှိသည်။ ထို့အပြင် တောင်ကုတ်မြို့ မီးချောင်းထိုးကျေးရွာကိုဩဂုတ်လ ၂၂ ရက် မွန်းလွဲ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တို့သည် ဧရာဝတီတိုင်းဘက်သို့ ထွက်ရာ၌ အစဉ်လိုက်ရှိပြီး ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့်သြဂုတ်လလယ်တွင် AAက တိုက်ခိုက်သိမ်းယူထားသည်။

ဧရာဝတီတိုင်းအတွင်းသို့ တိုက်ပွဲများကူးစက်လာမည်ကို စိုးရိမ်နေသည့်စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်စပ်နှင့်ထိစပ်နေသော ငါးသိုင်းချောင်းမြို့၊ ရေကြည်မြို့၊ မြန်အောင်နှင့်ကြံခင်းမြို့တို့အပြင် ခရိုင်မြို့များဖြစ်သည့် ပုသိမ်နှင့် ဟင်္သာတမြို့တို့၌လည်း လုံခြုံရေးတင်းကျပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများ နှင့် အခြားအရပ်သားများ အပေါ် ပြုမူဆက်ဆံမှု များအား စုံစမ်းဆေးနိုင်ရေး အထောက်အကူပြု ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း တောင်းဆို

သတင်း

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်

သတင်း

ရိုဟင်ဂျာများနှင့် အခြားအရပ်သားများ အပေါ် ပြုမူဆက်ဆံမှုများ စုံစမ်းဆေးနိုင်ရေး အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ပေးရန်ထုတ်ပြန်

သတင်း

မြို့သိမ်းတိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ်အသုံးပြုခံ​နေရ​သော ပြည်သူ နှစ်​သောင်းခန့်ကို AA ကယ်ထုတ်ခဲ့ဟုအသိ​ပေး