Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်နယ်ရှိ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီတပ် ယနေ့ ထပ်မံမီးရှို့ဖျက်ဆီး

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Indaw Revolution-IR
အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Indaw Revolution-IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ဂျုံးဂျုံးကျကျေးရွာသစ်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် မီးရှို့ခဲ့ပြီးနောက် ယနေ့နံနက်တွင် ဂျုံးဂျုံးကျ ရွာမကို ဆက်လက်မီးရှို့နေကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့လည်း အဲဒီလိုပဲ ခ..တွေ(စစ်ကောင်စီတပ်ဖွဲ့)က တစ်ရွာဝင်၊တစ်ရွာထွက် အဲဒီလို သွားနေတာ။ မနေ့တုန်းက ဂျုံးဂျုံးကျ ရွာသစ်ကို မီးရှို့တယ် ၁၃အိမ် လောင်သွားတာပေါ့။ ဒီနေ့တော့ ဂျုံးဂျုံးကျ ရွာမကိုမီးရှို့နေတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၄ရက်တွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထပ်မံ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့်တစ်လအတွင်း ထီးချိုင့်မြို့နယ်မှ ရွာပေါင်း ၂၀ကျော်ကို လိုက်လံ မီးရှို့ခဲ့သည့်စစ်ကြောင်းဖြစ်ပြီး အင်းတော်မြို့နယ်တွင်လည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ယမန်နေ့က ညောင်ကုန်းရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး ယခုကဲ့သို့ တစ်ရွာဝင်တစ်ရွာထွက် မီးရှို့မှုများ ဆက်လုပ်နေပါက တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသခံက ပြောသည်။ အင်းတော်နယ်တွင် PDF များနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းစစ်ရေးလှုပ်ရှားလျက်ရှိသည်။

အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – Indaw Revolution-IR

Facebook

You May Also Like

သတင်း

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

သတင်း

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။