Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေ

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH
ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH

‌‌ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည်ထိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နံနက် ၁၀ နာရီခန့်က ရေဦးမြို့ပေါ်မှ အင်အား၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ယာဥ်နှစ်စီးဖြင့် ကုက္ကိုစု၊ ရွာသာလေးကျေးရွာဘက် ထွက်လာခဲ့သည်။ ထိုစစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာထဲသို့ လက်နက်ကြီး ခုနစ်ချက်ခန့်ကျရောက်ခဲ့ပြီး အသက်(၄၀)အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဒေသခံ‌ပြည်သူအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်က ရေဦးနယ် ကုက္ကိုစုရွာကနေ ဒီပဲယင်းနယ် ညောင်လှကျေးရွာဘက်ကို ၁၂၀ မမ နဲ့ အချက် ၂၀ကျော် ထုခဲ့တယ်။”ဟု ဗိုလ်ကျားကြီးအဖွဲ့က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရသော ညောင်လှကျေးရွာသည် ယခုလအစောပိုင်းအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၂၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

Facebook

You May Also Like

သတင်း

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။