Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း
မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ ကုလသမဂ္ဂ မှာကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ ရှိနေဆဲ သံအမတ်ကြီးတွေကိုသာ ဆက်လက်တာဝန်ပေးဖို့ ကုလသမဂ္ဂက ဒီဇင်ဘာလ ၁၆ ရက်မှာဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ကိုယ်စားပြုခွင့်ကို မဆုံးဖြတ်ပေးဘဲ ရွှေ့ဆိုင်းထားခဲ့တာပါ။

ကုလသမဂ္ဂဆုံးဖြတ်ချက်ချဖို့ရွှေ့ဆိုင်းထားတဲ့ ၃ နိုင်ငံမှာ မြန်မာဟာ စစ်တပ်အာဏာသိမ်းထားပြီး NUG အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီက ကုလမှာ ကိုယ်စားပြုခွင့်ရဖို့အပြိုင်ကြိုးစားနေပါတယ်။

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

လစ်ဗျားဟာဆိုရင် လည်းပြည်တွင်းမှာအစိုးရ ၂ ရပ်ရှိနေပြီး လက်ရှိ လစ်ဗျား ကုလကိုယ်စားလှယ်ဟာ မြို့တော် ထရိုပိုလီ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ကိုယ်စားပြုထားပြီး ပါလီမန်က ထောက်ခံထားတဲ့ အမျိုးသားတည်ငြိမ်ရေး အစိုးရ ကလည်း ကုလမှာနေရာဖို့ စင်ပြိုင်လျှောက်ထားတာရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂဟာ အဲဒီ ၃ နိုင်ငံရဲ့ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ချတာကို ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ သံအမတ်ကြီးတွေကိုပဲ ဆက်နေရာပေးထားဖို့ ဆုံးဖြတ်ကြပါတယ်။

ဒီလို ဆုံးဖြတ်တာကို မဲမခွဲဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်လိုက်ကြတာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်းပြောထားပါတယ်။

မြန်မာနိုင်ငံအတွက်တော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး NUG ကိုထောက်ခံသူ သံအမတ်ကြီး ဦးကျော်မိုးထွန်း နောက်ထပ်တစ်နှစ် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ထပ်ရတာလည်းဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ကို ဆက်ရွေးတဲ့အပေါ် စစ်ကောင်စီဘက်က ကုလဟာ အကြမ်းဖက်အားပေးဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်စွပ်စွဲတုံ့ပြန်ထားပါတယ်။

ကိုးကား − အယ်လ်ဂျာဇီးယား

Facebook

You May Also Like

သတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။

သတင်း

အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။

သတင်း

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။