Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ
ရှေ့နေ ဒေါ်ရွက်နုအောင်ကို လာမယ့် ရုံးချိန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချဖို့ရှိ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့ တရားစွဲပါတယ်။

ရှေ့နေဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဖမ်းဆီးတရားစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဖြစ်ပါတယ်။

မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော် ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။

You May Also Like

သတင်း

ထောင်ချခံရသူ ၃ ဦးဟာ ကိုသူရိန်ဝင်း၊ ကိုကျော်ရဲထက်၊ ကိုနေဇင်ဝင်း တို့ဖြစ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာပါ။

သတင်း

"ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ" ဟုရဲမှုးအောင်ကြီးကပြောသည်။

သတင်း

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

သတင်း

မိခင်ဖြစ်သူရဲ့နာရေးကိုသွားဖို့ ကိုလင်းထက်နိုင်က ထောင်အာဏာပိုင်တွေကိုတင်ပြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။