Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan (အစီအစဥ်)တွေချခဲ့ပါတယ် ။ သေချာပေါက် ကြည့်နေတာပေါ့ဗျာ။အလစ်အငိုက်ပါပဲ။ နောင်လည်း ခုလို Mission(စစ်ဆင်​ရေး)တွေ လုပ်သွားအုံးမှာပါပဲ”ဟု ပြောသည်။

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်မြောင်မြို့နယ် ပ.က.ဖ၊ မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။

သတင်း

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၅နာရီခန့်တွင် ဗြိဘ(အနောက်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောသည်။

သတင်း

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။