Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။

ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်
ဟိုပုံးမြို့နယ်အတွင်း လက်နက် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းထုတ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ်အတွင်း လက်နက်သယ်ဆောင်လာတဲ့ ၆ ဘီးကားကို ဖမ်းဆီးရာကနေ သေနတ် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာလ၁၇ ရက်က ဟိုပုံးမြို့နယ် ၊မိုင်းပျဉ်းကျေးရွာအုပ်စု အနီးမှာ ၆ ဘီးကားတစ်စီးကို မသင်္ကာလို့ရပ်တန့်စေရာမှာ မရပ်ဘဲ မောင်းပြေးသွားပြီး လိုက်လံဖမ်းဆီးရာမှာ ကားကိုရခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီကားပေါ်ကနေ Type -81 အမျိုးအစား သေနတ်အလက် ၄၉၉ လက် နဲ့ ကျည်အိမ် ၄၉၈ ခု ကိုသိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။

You May Also Like

သတင်း

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

သတင်း

အသက် ၂၈ နှစ်အရွယ်ရဲတပ်သား ယောဟန်ကိုစစ်ကောင်စီတပ်က သက်သေမခိုင်လုံဘဲ ဖမ်းဆီးသွားခြင်းဖြစ်​ကြောင်းဒေသတွင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ခြောက်လုံးနှင့်စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျရွာမမှနေအိမ်၁၁လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။