Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အင်းတော် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄၀ကျော် ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း ပြီးခဲ့တဲ့သုံးရက်ကဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ကျော် ထိခိုက်သေဆုံးရှိခဲ့တယ်လို့ Indaw Revolution က ဒီနေ့ ဖော်ပြပါတယ်။ အင်းတော်မြို့နယ် ညောင်ကုန်၊ဂျုံးဂျုံးကျနဲ့ ပိန်းအင်းရွာအနီး ဒီဇင်ဘာ ၁၆ မှ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ KIA၊KPDF၊ အင်းတော် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ အင်အား (၇၀)နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီဘက်က အင်အား (၇၀)လောက်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး (၃)ရက်ဆက် တိုက်ခိုက်မှုအပြီးမှာ (၃၀)လောက်ပဲရှိတော့တယ်လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။ အထိနာထားတဲ့ စစ်ကောင်စီတပ်ဟာ နောက်ထပ် (၁၅၀)လောက် အင်အားထပ်တိုးထားတယ်လို့ သူက ဆက်ပြောပါတယ်။

(အင်းတော်PDF တပ်ဖွဲ့ဝင်အချို့ ။ ဓာတ်ပုံ - IR)
(အင်းတော်PDF တပ်ဖွဲ့ဝင်အချို့ ။ ဓာတ်ပုံ – IR)

▪️ရေဦးနယ် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ရွာမိဿာရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များပြီး လက်နက်နှစ်လက်နဲ့ ကျည်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၉)အညာကာကွယ်ရေးတပ် ADFက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၀၀)ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ MA -1 (၂)လက်၊ကျည်ဘောက် (၁၂)ခု၊ 5.56ကျည် (၂၁၀)တောင့်၊ လက်ပစ်ဗုံး (၂)လုံး၊ ဦးထုပ် နှစ်လုံးကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းလည်း ADFက အသိပေးပါတယ်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF

▪️စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် မြောင်နယ် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာနေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနဲ့ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေတဲ့ နေရာတွေကို MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဘအားပေးနေကြမယ့် အခြေအနေကို အခွင့်ကောင်းယူကာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိတယ်လို့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️မတ္တရာမြို့နယ်မှာ စစ်ကောင်စီ ထောက်ပို့ယာဥ် တစ်စီးဖမ်းဆီးရာ ကျည်အများအပြားသိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီ​အတွက် သယ်ဆောင်လာတဲ့ ထောက်ပို့ယာဉ်ငယ်တစ်စီးကို ဖမ်းဆီးရာ ကျည်အများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ၁၆ ရက် နေ့ခင်းက မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်အတွက် ရောက်လာတဲ့ ထောက်ပို့ယာဥ်ငယ်တစ်စီးကို ကြားဖြတ်စစ်ဆေးကာ ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ယာဥ်ငယ်မှာ ပြည်သူတစ်ဦးရဲ့ ကိုယ်ပိုင်ယာဥ်ဖြစ်နေခြင်း၊ ယာဥ်မောင်းမှာလည်း သာမန်အရပ်သားပြည်သူဖြစ်နေခြင်းကြောင့် ယာဥ်ပေါ်ပါ ထောက်ပို့ပစ္စည်းများကို သိမ်းဆည်းကာ ယာဉ်နဲ့ယာဉ်မောင်းကို ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်တယ်လို့ (ပ.က.ဖ-မတ္တရာ)က အသိပေးပါတယ်။ ထောက်ပို့ယာဥ်ငယ်ပေါ်မှ ကျည်အမျိုးအစား အများအပြားနဲ့ ကင်မရာတစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၉)လုံး၊ Power Bank နှစ်လုံး၊ ဓားအတိုအရှည် သုံးချောင်း စတဲ့ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ
သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ – ပ.က.ဖ-မတ္တရာ

▪️စစ်ကောင်စီရဲ့ ခမရ(၆၀၂)မှ တပ်ကြပ်ကြီးတစ်ဦး ချင်းတပ် CDFထံ အလင်းဝင်

အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့ ခမရ(၆၀၂)မှ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်-ဒိုင်ရ်(CDF-Daai)က သတင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်အခြေစိုက် တပ်ရင်းဖြစ်တဲ့ ခမရ(၆၀၂) မှ တပ်ကြပ်ကြီးစာရေး ထန်မားဟာ ဒီဇင်ဘာ ၁၂ ရက်မှာ CDF-ဒိုင်ရ် ထံ အလင်းဝင်လာရာ နွေးထွေးစွာကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူ ပြည်သူ့တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆိုလက်ခံသွားမယ်လို့ CDF- ဒိုင်ရ်က ထုတ်ပြန်ထားပါတယ်။ဘအခု တပ်ကြပ်ကြီးစာရေးအပါအဝင် CDF – ဒိုင်ရ်ထံသို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ငါးဦးရှိပြီလို သိရပါတယ်။

▪️PDF ကို ဆိုင်ကယ်နဲ့ လိုက်ပစ်တဲ့ ပျူအဖွဲ့ကို ပြန်လည်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်းလမ်းမှာ PDFအဖွဲ့ဝင်များကို လိုက်လံပစ်ခတ်တဲ့ ပျူစောထီးတွေကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ ပျူအုပ်စုထိခိုက်မှုရှိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ မနေ့ညနေပိုင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်း လမ်းပေါ်မှာ မြိုင်(ပကဖ)အဖွဲ့ ရဲဘော်များ ဆိုင်ကယ်နဲ့ဖြတ်သန်းလာစဥ် အိုင်ကြီးကျေးရွာအနီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးများက ဆိုင်ကယ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။ PDFများက ဆိုင်ကယ် ရပ်တန့်ပြီး ပြန်လည်ပစ်ခတ်စဉ် ပျူတစ်ဦးပေါင်ကျည်ထိမှန်သွားပြီး သုံးမိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ပျူများလည်း ဒဏ်ရာရရှိနိုင်ပြီး အင်အားမမျှလို့ ပြန်လည်ဆုတ်ခွါခဲ့ကာ ရဲဘော်များအထိအခိုက်မရှိကြောင်း ကိုလယျာ်က ပြောပါတယ်။

▪️ထိုင်းရောက် မြန်မာလုပ်သားများ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ရာနှင့်ချီတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး၊ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့ နေ့ခင်းက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြတောင်းဆိုမှုကို ဒီဇင်ဘာ ၁၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး မနေ့က သံရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီနေ့ရုံးဖွင့်ရက်မှာ ပြုလုပ်တာဖြစ်ပါတယ်။

You May Also Like