Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ PTTအပါအဝင်ထိုင်းလုပ်ငန်းစု နှစ်ခုကိုနော်ဝေးSovereign Wealth Fund လက်တွဲဖြုတ်

Sovereign Wealth Fundက ရန်ပုံငွေ အဖွဲ့ကြီးနဲ့ ဆက်စပ်နေတဲ့ လက်တွဲဖော် လုပ်ငန်းတွေထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွန်းအားပေး ကူညီနေတဲ့ အစုအဖွဲ့မျိုး ပါဝင်နေနိုင်တဲ့ စွန့်စားရွေးချယ်မှုမျိုးကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ PTTအပါအဝင်ထိုင်းလုပ်ငန်းစု နှစ်ခုကိုနော်ဝေးSovereign Wealth Fund လက်တွဲဖြုတ်
စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ PTTအပါအဝင်ထိုင်းလုပ်ငန်းစု နှစ်ခုကိုနော်ဝေးSovereign Wealth Fund လက်တွဲဖြုတ်

မြန်မာစစ်ကောင်စီနဲ့ဆက်စပ်မှုရှိနိုင်တာကြောင့်ထိုင်းနိုင်ငံကPTTအပါအဝင် ဦးပိုင်လုပ်ငန်းစု နှစ်ခုနဲ့ လက်တွဲ လုပ်ကိုင်နေမှုတွေကို ရပ်တန့်လိုက်ကြောင်း နော်ဝေး အစိုးရရဲ့ Sovereign Wealth Fund စီးပွားရေး ရန်ပုံငွေ အဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။

Sovereign Wealth Fundကို နော်ဝေး အစိုးရက ပိုင်ဆိုင်ပြီး နိုင်ငံရဲ့ လောင်စာစွမ်းအင် ကဏ္ဍက ပိုလျှံတဲ့ ဝင်ငွေတွေကို စီးပွားရေး ရန်ပုံငွေ အနေနဲ့ မြှုပ်နှံဖို့ ၁၉၉၀ ပြည့်နှစ်မှာ စတင် ထူထောင်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်လာ ၁.၃ ထရီလီယံလောက် တန်ဖိုးရှိတဲ့ Sovereign Wealth Fundဟာ ကမ္ဘာပေါ်မှာ ပမာဏ အကြီးမားဆုံး ရန်ပုံငွေ စုဆောင်းမှုကြီး ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ မှတ်ပုံတင်ထားသမျှ ကုမ္ပဏီ လုပ်ငန်းအားလုံးရဲ့ ၁.၄ ရာခိုင်နှုန်းလောက်ရဲ့ ဝေစုဟာ Sovereign Wealth Fundထဲမှာ အကျုံးဝင်နေပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာတော့ အဲဒီ ရန်ပုံငွေ အဖွဲ့ကြီးရဲ့ ကျင့်ဝတ် ကောင်စီက ထိုင်းကုမ္ပဏီကြီး နှစ်ခုနဲ့ အစ္စရေး ကုမ္ပဏီ တစ်ခုတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဆက်အစပ် ရှိနိုင်ကြောင်း ဆုံးဖြတ်ပြီး လက်တွဲ လုပ်ဆောင်မှုတွေ ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်းကုမ္ပဏီတွေကတော့ ထိုင်းအစိုးရပိုင် စွမ်းအင် လုပ်ငန်းစုကြီး PTTနဲ့ လက်အောက်ခံ ရေနံနဲ့ အရောင်းလုပ်ငန်း PTTORတို့တွေ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံက အာဏာသိမ်း စစ်တပ်အတွက် ဝင်ငွေလမ်းကြောင်းတွေ အလျဉ်မပြတ် စီးဝင်နေအောင် ကူညီ ထောက်ပံ့ပေးနေတယ်လို့ ကျင့်ဝတ် ကောင်စီက ပြောပါတယ်။ PTTနဲ့ လက်အောက်ခံ ကုမ္ပဏီဆီက ရရှိတဲ့ ငွေကြေးတွေကို အသုံးပြုပြီး စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ရန်လိုတဲ့ စစ်ဆင်ရေးတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်နေတယ်လို့လည်း ကျင့်ဝတ် ကောင်စီက သတ်မှတ်ပါတယ်။

Sovereign Wealth Fundက ရန်ပုံငွေ အဖွဲ့ကြီးနဲ့ ဆက်စပ်နေတဲ့ လက်တွဲဖော် လုပ်ငန်းတွေထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွန်းအားပေး ကူညီနေတဲ့ အစုအဖွဲ့မျိုး ပါဝင်နေနိုင်တဲ့ စွန့်စားရွေးချယ်မှုမျိုးကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

PTTရော၊ PTTORပါ အခုကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသလို မြန်မာစစ်ကောင်စီကလည်း Reutersရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း မရှိပါဘူး။

Sovereign Wealth Fundက လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ထပ် စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုကတော့ အစ္စရေးရဲ့ Cognyteဆိုတဲ့ Software နည်းပညာ ကုမ္ပဏီကြီးပါ။ Cognyteဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေး အားမြှောက်လုပ်တဲ့ ထောက်လှမ်းရေး ပစ္စည်းတွေနဲ့ နည်းပညာတွေကို ဖောက်သည်နိုင်ငံ တချို့ဆီ တင်ပို့ ရောင်းချနေတယ်လို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ နော်ဝေး ရန်ပုံငွေ အဖွဲ့ကြီးက ကြေညာသွားပါတယ်။

You May Also Like

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

မြောင်မြိုနယ်ရှိ လှေတင်ဦး၊ဖွားစော၊ ကူးတို့ကုန်းနှင့် ရွှေပေါက်ပင်ကျေးရွာများသို့ ယနေ့(ဒီဇင်ဘာ ၁၉ရက်) သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

သတင်း

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။