Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးမတည်ငြိမ်​သောနိုင်ငံများကိုဆေးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးကုမ္ပဏီ မြန်မာကိုဆေးဝါးတင်သွင်းမည်

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)
(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)

နိုင်ငံ​ရေးမတည်ငြိမ်​သောနိုင်ငံများသို့ဆေးဝါးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံသို့ယခုလအတွင်း ဆေးဝါးများတင်ပို့ရန် စီစဉ်နေကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ Albion ကုမ္ပဏီက ထုတ်ပြန်သည်။

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွင် အခြေစိုက်ထားသည့် အဆိုပါဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆေးဝါးများတင်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ဒေါ်လာ ၃၀၀၀၀ ဖိုးဆေးဝါးများကို ဒီဇင်ဘာလကုန်ပိုင်းတွင် တင်ပို့မည်ဖြစ်ပြီး မည်သည်ဆေးဝါးအမျိုးအစားများတင်ပို့မည်ကို ထုတ်​ဖော်​ပြောကြားထားခြင်းမရှိပေ။ ကမ္ဘောဒီးယားနိုင်ငံသို့လည်းဒေါ်လာ ၂၃၀၀၀ဖိုး ဆေးဝါးရှစ်မျိုးတင်ပို့မည်ဟုထိုကုမ္ပဏီကဆိုသည်။

” ဘင်္ဂလားဒေ့ရှ်က ဆေးဝါးသွင်းတာသိပ်မရှိခဲ့ဘူး။ ဆေးဝါးအများစုကိုအိန္ဒိယဘက်က သွင်းတာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာဖြစ်လာတာ။ ဟိုကုမ္ပဏီကလည်း ဒီလိုနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေကို ဈေးကွက်ချဲ့ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။”ဟု ဆေးဝါးတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီတခုမှ အ​ရောင်းမန်နေဂျာတစ်ဦးကပြောသည်။

၎င်းကုမ္ပဏီသည် မနှစ်ကနိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံသို့ ၂၀၂၁ခုနှစ်တွင်ဆေးဝါးများကို ဒေါ်လာ ၅၅၀၀၀နှင့် ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိစီတင်ပို့ခဲ့ပြီး ယခုအခါ ဒေါ်လာ ၁၂၉၀၀၀ ဖိုးရှိ ဆေးဝါး ၃၅ မျိုးကို ထပ်မံတင်ပို့မည်ဟုဆိုသည်။

You May Also Like

သတင်း

ကနေဒါသည် ၂၀၁၇ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်းဖြစ်ပွားပြီးနောက် ၂ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ထပ် ၆ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

သတင်း

တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ၊လူကုန်ကူးတာကို နှိမ်နင်းဖို့ ၊ သတင်းအချက်အလက်ကို နှစ်ဖက်အပြန်အလှန်ဖလှယ်ဖို့တွေ ဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊