Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး အီးယူနှင့် အာဆီယံတို့ ဆောင်ရွက်မည့် နှစ်ဆတိုးကြိုးပမ်းအားထုတ်မှုများကို ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု NUG ထုတ်ပြန်

မကြာသေးမီက ကျင်းပပြီးစီးခဲ့သော အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် NUG က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

(ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အီးယူတာဝန်ရှိသူတစ်ဦး ဒီဇင်ဘာ ၁၆ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်မြို့၌ တွေ့ဆုံနေစဥ်)
(ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အီးယူတာဝန်ရှိသူတစ်ဦး ဒီဇင်ဘာ ၁၆ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်မြို့၌ တွေ့ဆုံနေစဥ်)

စစ်အုပ်စုကြောင့်ဖြစ်ပေါ်နေသော ဘက်ပေါင်းစုံအကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှဆောင်ရွက်မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုများကို ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်သည်။

NUG သည် အီးယူကဲ့သို့သော ပြင်ပမိတ်ဖက်များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆိုချက်အား အသိအမှတ်ပြု ပြီး အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်ကြောင်း တိုက်တွန်းသည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သော အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် NUG က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာမှုအကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရကြောင်း NUG က ဆိုသည်။

ယခုကဲ့သို့ တောင်းဆိုမှုများအား ကြိုဆိုသော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိ ရသည်ဟု ဖော်ပြသည်။

ပူးတွဲကြေညာချက်တွင် NUG ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ်ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည််ဟု NUG က ထောက်ပြသည်။

သို့သော် အဆိုပါ အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုပေ။ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း အီးယူက NUG နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီးအချို့ကို ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်သို့ ဖိတ်ကြားခဲ့သည်။

လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ကတိကဝတ်ပြုထားသည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုသည် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင်ထား၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမည် ဖြစ်ကြောင်း NUG က တိုက်တွန်းသည်။

ထို့အပြင် ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာတမ်းကို ထောက်ခံရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းတို့အား ပယ်ချရမည်ဖြစ်ကာ လေယာဉ်ဆီ ရောင်းချနေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်း အပါအဝင် အကြမ်းဖက် အပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရန်အတွက် ထိရောက်သည့်ဆောင်ရွက်မှုကို တောင်းဆိုရမည်ဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်သည့် ဖိအားများပေးရန် လိုအပ်ကြောင်း NUGက တိုက်တွန်းသည်။

You May Also Like

သတင်း

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။

သတင်း

ဒီဇင်ဘာ ၁၄-၁၅ ရက်များက ဘရပ်စဲလ်၌ ကျင်းပခဲ့သော EU-ASEAN ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ငါးရပ်အကောင်အထည်ဖော် အီးယူက ဆက်လက်အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။

သတင်း

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

သတင်း

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။