Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီတပ်က အရပ်သားငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းပြီး သုံးဦးကို သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးပျောက်နေဟုဆို

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂါးဘလော်ကျေးရွာသို့ ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးသွားပြီး ယင်းအနက် သုံးဦးကို သတ်ဖြတ်သွားကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ရက်က ဂါးဂလော်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၆၈ )နှင့် ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ ဘုန်းကြီးကျောင်းနှင့် ကျေးလက်ဆေးပေးခန်းပါ မကျန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အင်အား ၁၂၀ခန့်ပါ စစ်ကောင်စီပူးပေါင်းစစ် ကြောင်းသည် အိမ်ခြေ ၁၀၀ခန့်ရှိ ဂါးဂလော်ကျေးရွာအား မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ပြည်သူပိုင်နေအိမ် ၂၃ လုံးအား မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု ဖော်ပြသည်။

ထို့နောက် အမျိုးသားတစ်ဦးအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရကာ ကျန်အမျိုးသားနှစ်ဦးကိုမူ မီးရှို့သတ်ဖြတ်ထားသည်ဟု ခန့်မှန်းရသည့် မီးလောင်ပြာကျ အရိုးစုနှစ်ခုအဖြစ်သာ ပြန်လည် တွေ့ရှိခဲ့ရသည်ဟု အသိပေး ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ - ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်ကောင်စီတပ်က ကျေးရွာအား မီးရှို့ဖျက်ဆီးထားစဉ်နှင့် အမျိုးသားသုံးဦးအား မီးရှို့ပြီးနောက် တွေ့ရသော ပြာပုံအရိုးစုများ၊ ဓာတ်ပုံ – ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး စစ်ကြောင်းသည် လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတို့အား အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာများကို လိုက်လံမီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ဒေသခံ ပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

You May Also Like

သတင်း

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

သတင်း

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

သတင်း

အိမ်ခြေ အကုန်နီးပါး မီးလောင်ကျွမ်းခဲ့၍ အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ စောင်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။